အပိုင်း ၀၅ - ဒီလိုဆိုတော့လည်း Nong Fot Fot က အားကိုးချင်စရာလေး

893 81 11
                                    

⟨ Unicode Version ⟩
အပိုင်း ငါး - ဒီလိုဆိုတော့လည်း Nong Fot Fot က အားကိုးချင်စရာလေး

"အန္တရာယ်ရှိတဲ့လုပ်ရပ်တွေနဲ့ သူငယ်ချင်းကို စနောက်လို့မရဘူးလေ Fourth Nattawat!"

"..."

".. မတော်တဆ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ... ဘယ်လိုတာဝန်ယူမလဲ ... Gemini က ခွေးအမွေးတွေနဲ့ ဓာတ်မတည့်ဘူးဆိုတာ တစ်ကျောင်းလုံးနီးပါးသိတယ် ..."

"..."

" သူ့မိဘတွေကို ဘယ်လိုရှင်းပြမှာလဲ Fourth "

ဆေးရုံအခန်းထဲ ဆရာဆူသမျှ ခေါင်းငုံ့ခံနေတဲ့ Fourth ကို Ford တိတ်တိတ်လေး ငေးကြည့်လိုက်သည်။ တကယ်ဆိုရင် ဇာတ်လမ်းအစအဆုံးကို ဘယ်သူမှ သေချာမသိ။ သို့ပေမယ့် Fourth ကတော့ 'ကျွန်တော့်ကြောင့်ပါ' ဆိုတဲ့ဝန်ခံချက်ကြောင့် အလှော်ခံနေရတာဖြစ်သည်။

Gem ဆေးရုံရောက်တာ နာရီဝက်လောက်ရှိပါပြီ။ အချိန်မှီပို့လာနိုင်တာမို့ အသက်အန္တရာယ်တော့မရှိ။ မကြာခင်မှာလည်း နိုးလာတော့မှာလို့ ဆရာဝန်တွေကပြောသွားတဲ့အတွက် သိပ်မစိုးရိမ်တော့။ အခု စိုးရိမ်ရမှာက Fourth ဖြစ်သည်။ လက်က ဒဏ်ရာကို ဖွက်ကာ ဆူသမျှ ငြိမ်ခံနေတာပင်။ သူဝင်ပြောချင်ပေမယ့် ဝင်ပြောဖို့အခွင့်အရေးမရလောက်အောင် ဆရာက ဆက်တိုက်ကို မာန်မဲနေသည်။

" Fourth! Gemရဲ့မိဘတွေ လာလိမ့်မယ် ညှိုနှိုင်းလိုက်ပါ ... သူ့မိဘတွေရဲ့အရှိန်အဝါကကြီးတော့ မင်း တတ်နိုင်သမျှ တောင်းပန်လိုက်ပါ.. ဒီကိစ္စက .."

" သားGem! "

ဆရာ ဆက်ပြောမယ့် အချိန်မှာပဲ Gemရဲ့မိဘတွေရောက်လာတာမို့ ဆရာဆက်မပြောတော့ဘဲ ဦးတည်ချက်ပြောင်းသွားသည်။

" မင်္ဂလာပါ ခွန်နိုရာဝစ်ဗျ! ... ဒီကိစ္စကလေ ... "

ဦးတည်ပြီးပြောတော့မယ့်စကားကို Gemရဲ့အဖေက နားလည်သလိုနဲ့ ဆရာ့ကိုကြည့်ကာ Fourth ကို ခဏစိုက်ကြည့်ရင်း ဆရာ့ကိုပြန်နှုတ်ဆက်သည်။

" မင်္ဂလာပါဆရာ! ကျွန်တော်တို့ ကလေးတွေကိစ္စကို အပြင်မှာ သွားဆွေးနွေးကြရအောင်နော် ... Gemကိုတော့ သူ့မားနဲ့ ချန်ထားခဲ့ပါမယ် "

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now