အပိုင်း ၁၀ - ငါ မင်းနဲ့ သူစိမ်းပဲဖြစ်ချင်တယ်Fourth

842 74 12
                                    

⟨ Unicode Version ⟩
အပိုင်း ၁၀ - ငါ မင်းနဲ့ သူစိမ်းပဲ ဖြစ်ချင်တယ် Fourth ...

Ford ပြန်သွားတာနဲ့ သူလည်း အိမ်ပေါ်ထပ်ကို တက်လာခဲ့လိုက်မိသည်။ ပါးနဲ့မားက ပါတီတစ်ခုတက်နေကြတာမို့လို့ အိမ်မှာ မရှိ။ သောက်ထားတဲ့အတွက် ညစာလည်း မစားချင်၊ စိတ်ကလည်း မရွှင်တော့တဲ့အတွက် ဂိမ်းဆော့ဖို့ ဆုံးဖြတ်လိုက်မိသည်။ အခန်းထဲရောက်တာနဲ့ Fourth ကို အရင်ရှာကြည့်မိတော့ မတွေ့၊ ရေချိုးနေပုံရသည်။ ထို့ကြောင့် သူ ကုတင်ကို ကျောခိုင်းကာ နားကြပ်တပ်ပြီး ဂိမ်းထိုင်ဆော့နေလိုက်သည်။

ညကိုးနာရီ ဝန်းကျင်လောက်မှာတော့ သူ ဂိမ်းဆော့တာ ရပ်ပြီး အိပ်ဖို့ စဉ်းစားလိုက်သည်။ ထို့ကြောင့် နားကြပ်ကို ချကာ ထိုင်ခုံကို လှည့်လိုက်မိတော့ သူ့ကို စိုက်ကြည့်နေတဲ့ Fourth ကို မြင်လိုက်ရသည်။ ပြောစရာရှိနေလို့ စောင့်နေပုံရတဲ့Fourthမျက်ဝန်းတွေက သူ့မျက်ဝန်းနဲ့ ဆုံစည်းလေတော့ သူ မလုံမလဲဖြစ်ကာ အကြည့်လွှဲလိုက်မိသည်။

" .. ဂျမ်မနိုင်း! .. ရုပ်ရှင်ကြည့်ကြမလား .."

Fourth ဆီက ထွက်လာတဲ့စကားက တော်တော်ကသိကအောက်နိုင်လွန်းသည်။

ဒီအချိန်ကြီးကို ရုပ်ရှင်ကြည့်ရမှာလား ..။

" တော်ပြီ ... ငါ ပင်ပန်းနေတယ် .. "

တကယ်ပင်ပန်းနေပြီမို့ ငြင်းမိတော့ Fourth စိတ်မကောင်းဖြစ်သွားတဲ့ပုံပင်။ သူလည်း စကားဆက်မပြောချင်တာတဲ့အတွက် ခုံကနေ ထကာ ကုတင်ပေါ်တက်ဖို့ အောက်ထပ်ကုတင်ရဲ့ခြေရင်းနားက လှေကားဆီ ခြေလှမ်းလိုက်သည်။

" ဂျမ်မနိုင်း "

ရုတ်တရက် သူ့ဘယ်လက်ကို ဘယ်လက်နဲ့ လှမ်းဆွဲလာတဲ့ Fourth ..။ သူ ငုံ့ကြည့်မိတဲ့အချိန်မှာ Fourth ညာလက်က အိပ်ယာပေါ်က တစ်စုံတစ်ခုကို ယူရင်း မတ်တပ်ရပ်လာသည်။ သူ့ဘယ်လက်ပေါ်က Fourth ရဲ့ဘယ်လက်ကတော့ အခုထိ မလွှ‌တ်သေး။

"ရုပ်ရှင်အတူတူကြည့်ပေးမယ်ပြောပြီး မလုပ်ပေးနိုင်ခဲ့လို့ ဆောရီးပဲကွာ ... ဒါပေမဲ့ ဒါကတော့ မင်းအတွက် ဝယ်လာတာ ..."

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now