♣♠UNICODE ♠♣
အပိုင်း - ၁၇ ဝင်မစွက်ဖက်နိုင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စ"... Gemini … ဒီည မင်းအရင်ပြန်လိုက်နော် ငါ့ကို မစောင့်နဲ့တော့ ..."
၇မိနစ်စာ MV အတွက် ဇာတ်ဝင်ခန်းတစ်ချို့ အစမ်းလေ့ကျင့်ပြီးတဲ့နောက် အတူတူပြန်နေကျ Fourth ဆီက စကားသံထွက်လာတဲ့အတွက် သူ မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
တကယ်ဆို ဒီညပြန်ရတာ နည်းနည်းစောတဲ့အတွက် သူ ရှာတွေ့ထားတဲ့ စားသောက်ဆိုင်လေးဆီ ခေါ်သွားပေးချင်မိတာကို။
"... ဘယ်သွားမှာလဲ မင်း ..."
ပုံမှန်အတိုင်း ငြိုငြင်သွားတဲ့စိတ်ကို ပြန်ထိန်းရင်း မေးမိတော့ Fourth ဆီက သူစိတ်ဆိုးချင်စရာစကားလေးပြန်ကြားလိုက်ရသည်။
" Soundlab အတွက် သီချင်းရေးပေးမယ် ကတိပေးထားလို့ ... အဲဒါက Winny ရှိနေတုန်း လုပ်ရမှာ ... "
Fourth စကားကြောင့် သူ့မျက်နှာ မာထန်သွားတော့ Fourth သူ့ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လာသည်။
"... စိတ်ဆိုးနေတာလား? ..မင်းမျက်နှာက ..."
"... အေး ... ငါနဲ့ရုပ်ရှင်ကြည့်မယ့်စကားကိုကျ မေ့ပစ်ပြီးတော့ ကောင်မလေးအတွက်ကျ သီချင်းရေးဖို့ မပျက်မကွက်သတိရတယ်ပေါ့လေ ..."
သူအခဲမကျေနိုင်သေးတဲ့ကိစ္စကို ပြန်အစဖော်မိတော့ Fourth က မမှတ်မိသလို ကြည့်လာသည်။
"... ဘာပြောတာလဲ မင်း ..."
"... ထားလိုက်တော့ ... ဘယ်အချိန်ပြီးမှာလဲ ... ငါစောင့်နေမယ် ..."
"... ကြာဦးမှာ ..."
"... ကြာပါစေ ... စောင့်မယ် ... မင်းကို တစ်ယောက်တည်း မလွှတ်ထားချင်ဘူး ..."
"... မင်း တကယ်စောင့်နိုင်လို့လား ..."
" ... အင်း ... မင်းကို ငါတာဝန်ယူထားရတာ ... မင်းရဲ့အစအရာရာက ငါ့အတွက် အရေးကြီးတယ် "
YOU ARE READING
Can't Be Brother [ Gemini × Fourth ]
Fanfic" Fot! We Can't Be Brother! " - Gemini • Gemfot Version • ‹ Unicode + Zawgyi › • My Very First Fiction • Update on Every Sat & Sun • Original Ver