ကျွန်တော့်နာမည်"နွေဂန္ဓာဦး" လို့ခေါ်ပါတယ်။
ကျွန်တော်ဟာနယ်မြို့လေးတစ်မြို့မှာနေပါတယ်။
ကျွန်တော့်မိသားစုကတော့ မြို့မျက်နှာဖုံးလို့ပြောရမှာပေါ့။ ကျွန်တော်ဟာအငယ်ဆုံးသားဖြစ်သလို အလိုလိုက်ခံထားရတဲ့လူငယ်လေးတစ်ေယာက်ပေါ့ဗျာ။
"သားလေးရေ...သားသားရေ"
"ဗျာမေမေ.."
"သားဗိုက်အောင့်တာသက်သာရဲ့လား..ဟင်။ဘယ်လိုနေသေးလဲ။မသက်သာရင်ဆေးရုံကိုသွားပြမယ်ကွယ်..."
"မေမေ..သားဗိုက်ကခုထိအောင့်တုန်းပဲ ဗျာ...သားတော့သေတော့မယ်ထင်တယ်မေမေရယ် သားကိုမကယ်နိုင်တော့ဘူးလား.."
"ဟယ်....သားလေးရယ် ဘာတွေလျှောက်ပြောနေတာလဲ။အဲ့လို့မပြောပါနဲ့သားရယ်...မင်းဖေဖေကိုသွားခေါ်ပြီးရင်ဆေးခန်းလိုက်ပို့မယ်နော်...ခနလေးပဲသည်းခံစောင့်ပေးနော်..မေ့သားလေးး"
ကျွန်တော့်ကိုမေမေက ကြည့်ပြီးစိတ်မကောင်းဖြစ်နေရှာသည်။
"ကိုဝင်းမြတ်.. ရှင်ကဒီမှာအေးဆေးစာဖတ်နေနိုင်တယ်ပေါ့...ဟင်.."
"ဘာလဲ..မြရယ်..ဘာဖြစ်လာပြန်ပီလဲကိုယ့်ကိုပြောပါအုံး..."
"ကျွန်မသားလေး အခုဗိုက်အောင့်ပြီး အော်ဟစ်နေတာ... ကျွန်မ မခံစားနိုင်တော့ဘူးရှင်..."
"ကဲ့ပါကွာ...ဒါဆိုရင်အခုပဲဆေးခန်းသွားရအောင်နော်..လာ..လာ"
"ငါ့သားကဘာမဖြစ်ပါဘူးကွ။ ယောကျာ်းပဲဒီလောက်တော့အပျော့ပေါ့ ...ငိုနေစရာမလိုပါဘူး"ဖေဖေက ကျွန်တော့်ပုခုံးကိုပုတ်ပြီးပြောတော့ မေမေက မျက်စောင်းလှမ်းထိုးနေသည်။
"ရှင်ကလည်းလေ ကလေးကဗိုက်အောင့်ပါတယ်ဆိုဘာအပျော့လဲ။ ယောကျာ်းလေးလဲလူပဲလေ...ခံစားတတ်တယ်ရှင့်.."
"ဟုတ်ပါပြီကွာ...မင်းလဲအဲ့လောက်ထိအကဲပိုမနေနဲ့...ငါနေမကောင်းရင်လဲ..မင်းအဲ့လိုပဲပြောတာလေ"
"ဘာရှင့်...ကျွန်မ၀မ်းနဲ့လွယ်မွေးထားရတာလေ..ရှင်မမွေးဖူးတော့ဘယ်သိပါ့မလဲ "
"ကဲ..သွားကြရအောင်ကွာ..မင်းနဲ့ငါဆက်ပြောရင်ဆေးရုံရောက်မှာမဟုတ်တော့ဘူး"

YOU ARE READING
He's mine❤️✨ (Completed )
Приключенияဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰