Part 7 (U+Z)

1.2K 25 7
                                    

ဟိုတစ်ခါကိစ္စဖြစ်ပြီးကတည်းကဆရာနဲ့ကျွန်တော်စကားမပြောဖြစ်တာသုံးရက်လောက်ရှိပြီဖြစ်သည်။စကားမပြောဖြစ်တာထက် မျက်နှာချင်းမဆိုင်ရဲတာဆိုရင် ပိုမှန်လိမ့်မည်။

"ဟင့်..ဘယ်လိုခံစားချက်ကြီးလဲကွာ...ငါရှက်လို့သေတော့မယ်..ဆရာ့ရှေ့မှာဘယ်လိုမျက်နှာပြရမှာလဲ"

နွေဂန္ဓာဦး အိပ်နေရင်းနဲ့ ထိုနေ့ကအဖြစ်အပျက်ကိုပြန်တွေးနေမိသည်။

"ငါရင်ခုန်နေမိပြီလား...ဟာ...ယောကျာ်းချင်းကြီးကိုမဖြစ်နိုင်ပါဘူးလေ...အိပ်ပျော်အောင်အိပ်တာပဲကောင်းတယ်"

ရှိန်းဂုန်ရောင် အလုပ်တွေပြီးတော့ ချာတိတ်အခန်းဘက်ကိုလမ်းလျှောက်လာလိုက်သည်။အခန်းတံခါးကိုအသာဖွင့်ကြည့်လိုက်တော့..ကုတင်ပေါ်မှာပုစွန်ထုပ်လေးလိုခွေခွေလေးအိပ်နေသည်။

"ဟက်....အိပ်ပျော်နေပြီပဲ...ပင်ပန်းသွားပြီထင်တယ်"

ရှိန်းဂုန်ရောင် ကုတင်ပေါ်အသာတက်ထိုင်လိုက်ပြီး ချာတိတ်ရဲ့မျက်နှာလေးကိုအနီးကပ်ကြည့်လိုက်သည်..။ မျက်ခုံးစိမ်းစိမ်းလေးတွေက ပြေလျော့နေတာကြောင့် ပြုံးလိုက်မိသည်။

"ကိုယ့်ရဲ့ချာတိတ်ကအကြည်ဓာတ်လေးပဲ..ချစ်စရာကောင်းတယ်"

ရှိန်းဂုန်ရောင် ချာတိတ်ရဲ့ပါးလေးကိုအသာညှစ်လိုက်သည်...

"အူယားလိုက်တာကွာ..ကလေးကိုကိုယ့်ရဲ့အပိုင်လေးပဲဖြစ်စေချင်တယ်...ကိုယ်ချစ်သလိုကလေးဆီကအချစ်တွေကိုပြန်လိုချင်တယ်"

"ဟင်.."

နွေဂန္ဓာဦး ဆရာဝင်လာတာသိပေမယ့်..အိပ်ချင်ယောင်ဆောင်နေပေမယ့်ကြားလိုက်ရတဲ့စကားကြောင့်...သတိလွတ်သွားပြီးအသံထွက်မိလိုက်သည်။

"အဟမ်း...ချာတိတ် နိုးနေတာလား "

"ဟို...ဟို...ကျွန်တော် အခုမှနိုးတာပါဆရာ..ဘာမကြားလိုက်ရဘူး"

"တကယ်မကြားရတာလားချာတိတ်...ဒါတိုကိုယ်စကားပြောနေမှန်းချာတိတ်ကဘယ်လိုသိလဲ...ပြောပါအုံးး"

နွေဂန္ဓာဦး တံတွေးတွေပဲအကြိမ်ကြိမ်မြိုချနေလိုက်သည်။

"ကျွန်တော်.. မပြောတတ်တော့ဘူးဆရာ.."

He's mine❤️✨ (Completed )Where stories live. Discover now