Part 14 (U+Z)

542 18 7
                                    

သီချင်းအဆုံးမှာ... ဦးရှိုန်းနဲ့ကျွန်တော်အကြည့်ချင်းစုံသွားခဲ့သည်။

"ကြီးကြီးနွယ်...သားဗိုက်ဝပြီ.. သွားတော့မယ်နော်"

"ဟဲ့..ဟဲ့..နေပါအုံး နွေလေးရဲ့...သားညကလဲဘာမှမစားဘူးမလား...အခုလဲကြည့်အုံး စားထားတယ်သာပြောတယ် အရာလဲမရွင်းပါလားကွယ်"

"သားမဆာလို့ပါ.. ကြီးကြီးနွယ်...တကယ်ဝပါပြီ...ကြီးကြီးနွယ်ဘာမှစိတ်မပူနဲ့နော်"

"ဟင်း....ဒီကလေးတော့ပြောလို့မရပါလားကွယ်"

"အော်...ဒါနဲ့ကြီးကြီးနွယ်...သားအပြင်သွားစရာရှိတယ်"

နွေဂန္ဓာဦး အပြင်သွားစရာရှိတယ်လို့ပြောလိုက်တော့ ဦးရှိန်းရဲ့မျက်ခုံးတွေပင့်တက်သွားတာကို မြင်မိအောင်မြင်လိုက်ရပါသည်။အရင်တုန်းက ဘယ်ကိုသွားသွား ဦးရှိန်းကိုအသိပေးရပေမယ့် အခုတော့ကြီးနွယ်ကိုပဲပြောလိုက်သည်။

ရှိန်းဂုန်ရောင် ထမင်းစားနေရင်း အပြင်သွားစရာရှိတဲ့ဆိုတဲ့စကားကြောင့် မျက်မှောင်ကုတ်ပြီးကြည့်လိုက်မိသည်။ ကိုယ်နဲ့စကားမပြောတာနဲ့တင်....အပြင်ကိုထွက်တော့မယ်ပေါ့...

"အော်...အေးအေး နွေးလေး...ဂရုစိုက်ပြီးသွားနော်...စောစောပြန်ခဲ့"

"ဟုတ်ကဲ့ကြီးနွယ် "

အပြင်သွားဖို့ကိစ္စကို ဦးရှိန်းကိုမပြောချင်လို့ သူရှေ့မှာတင် ကြီးကြီးနွယ်ကို ပြောခဲ့လိုက်သည်။

နွေဂန္ဓာဦး ထမင်းစားခန်းထဲက နေထွက်လာလိုက်ပြီး အပေါ်ထပ်ကို အဝတ်စားလဲဖို့တက်သွားလိုက်သည်။

"ခနနေအုံး "

နောက်က နေလိုက်လာသောသူက နွေလေးရဲ့လက်ကိုလမ်းဆွဲ ပြီးပြောလိုက်သည်။လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဦးရှိန်း ဖြစ်နေသည်။

"ဘာပြောစရာရှိလို့လဲ"

နွေဂန္ဓာဦး တည်ငြိမ်စွာပင်မေးလိုက်သည်။ တကယ်တော့ သူ့ကို အပြင်သွားဖို့မပြောမိလို့ လိုက်လာတာဆိုတာကိုနွေဂန္ဓာဥသဘောပေါက်လိုက်သည်။

"အပြင်ကိုဘယ်သူနဲ့သွားမှာလဲ...."

"ဘယ်သူနဲ့သွားသွား...ခင်ဗျားအပူမပါဘူး"

He's mine❤️✨ (Completed )Where stories live. Discover now