Part 11 (U+Z)

538 17 3
                                    

ဒေါက်...ဒေါက်..ဒေါက်

"မောင်ရှိန်း မောင်ရှိန်းရေ...."

ကြီးကြီးနွယ် အခန်းတံခါးကိုခေါက်ပြီး အသံတုန်တုန်ယင်ယင်နဲ့ခေါ်နေသောကြောင့် "ရှိန်းဂုန်ရောင် " တံခါးရှိရာသို့မြန်မြန်သွားလိုက်သည်။

"ကြီးကြီးနွယ်"....ဘာဖြစ်လို့လဲ

"နွေလေး လေ သူ့ကိုခေါ်လို့မရတော့ဘူး ။ အသားတွေလဲ ကျစ်ကျစ်တောက်ပူနေတာ.. ကြီးနွယ်ဖြင့်ရင်တွေပူလိုက်တာကွယ်"

"ဗျာ...ဒါဆိုအမြန်သွားကြည့်ရမှာပေါ့"

ရှိန်းဂုန်ရောင် နွေဂန္ဓာဦး အခန်းထဲသို့အမြန်ပြေးဝင်သွားလိုက်သည်။

" ကလေး...ကလေးရေ"

ရှိန်းဂုန်ရောင် နွေဂန္ဓာဦး ပခုံးလေးကိုလှုပ်ကာခေါ်ကြည့်လိုက်သည်။

"ဟင်.."

နွေဂန္ဓာဦး ဆီက ​ညည်းသံသဲ့သဲ့လေးထွက်လာခဲ့သည်။

" ကြီးကြီး နွယ် ကျွန်တော့်ကို ပုဝါလေးနဲ့ရေလေးတစ်ခွက်လောက်ယာလာပေးလို့ရမလားဗျ"

" ရပါတယ် မောင်ရှိန်း..ကြီးနွယ်ယူလာခဲ့ပေးမယ်နော်"

ကြီးနွယ် လည်းသူ့သားလေးတစ်ယောက်အတိုင်း နွေဂန္ဓာဦး  ကိုဂရုစိုက်ရှာသည်။

ခနအကြာမှာတော့ ကြီးနွယ်ရေခွက်လေးကို ကိုင်ကာပြန်ရောက်လာသည်။

"ရပါပြီ မောင်ရှိန်း..."

ရှိန်းဂုန်ရောင် ကြီးနွယ်ပေးသည့်ရေခွက်နှင့်ပုဝါကိုလှမ်းယူလိုက်သည်။

"မောင်ရှိန်း....နွေလေးကဘာဖြစ်တာလဲဟင်...စိုးရိမ်ရလား"

"အရမ်းကြီးတော့ စိုးရိမ်စရာမရှိပါဘူး "ကြီးနွယ်". ..သူပင်ပန်းပြီးဖျားသွားတာဖြစ်မယ်"
ဆေးထိုးပေးလိုက်ရင်သက်သာ သွားမှာပါ"

" ဟုတ်ပါပြီကွယ်....ကြီးနွယ် ကြက်သားစွပ်ပြုတ်လေး လုပ်ထားလိုက်မယ်နော်"

" ဟုတ်ကဲ့ ကြီးနွယ်...ကျွန်တော်ပြီးရင်သွားစရာလေးရှိလို့ ချာတိတ်ကိုခနကြည့်ထားပေးပါအုံး"

"ရတယ် မောင်ရှိန်း....ကြီးကြီးနွယ်ကြည့်ထားပေးမယ်နော်"

" အော်...သူနိုးလာရင်ဆေလဲတိုက်ထားလိုက်ပါ"

He's mine❤️✨ (Completed )Where stories live. Discover now