"ဟိတ်ကောင်...နွေကြီး အိပ်လို့မပျော်ဘူးလား"
စံကြီးက တစ်ဖက်စောင်းအိပ်နေရင်း နွေဂန္ဓာဦး ဘက်ကိုလှည့်ကြည့်ကာမေးသည်။
"အေး...ငါအိပ်ယာအပြောင်းအလဲမလို့ထင်တယ်...အိပ်လို့မရသေးဘူး"
"ဟုတ်လို့လား...နွေကြီးရာ...မင်းဆရာ့ဆီကိုစိတ်ရောက်နေတာမလား"
စံကြီးက မျက်စောင်းကြီးထိုးကာမေးသည်။ဒီကောင် တစ်ခုခုဆိုရင် ခန့်မှန်းတာသိပ်တော်တာ...ဗေဒင်ဟောစားရင်အောင်မြင်လောက်သည်။
"မဟုတ်...မဟုတ်ပါဘူး"
"မလိမ်စမ်းပါနဲ့ကွာ...မင်းနဲ့ဆရာကြားမှာတစ်ခုခုဖြစ်ထားတယ်မလား"
" ငါ...ငါလေ... ဦးရှိန်းကိုအရမ်းချစ်မိသွားပြီ"
"ဟေ"
စံကြီးခေါင်းပေါ်ကို မိုးကြိုးပစ်ချသလိုခံစားလိုက်ရသည်။
"မင်းငါ့ကိုရွံသွားပြီလား...စံကြီး"
"ဟင်း...ရွံစရာလားသားကြီးရာဒီကိစ္စတွေက အခုခေတ်မှာအဆန်းမဟုတ်တော့ပါဘူး...ဒါနဲ့ဒီကိစ္စကိုရောဆရာသိလား"
စံကြီးက အိပ်နေရင်းရုတ်တရက်ထထိုင်ကာမေးသည်။ ဒီကောင်တော်တော်အံသြ သွားပုံပဲ..
"အင်း....သိတယ်... သူအရင်ငါ့ကိုဖွင့်ပြောတာ"
နွေဂန္ဓာဦး လက်မနဲ့လက်ညှိုးနှစ်ခုကိုပွတ်နေရင်းပြောလိုက်ရသည်။ တကယ်တော့ ရှက်တာကြောင့်ရော စံကြီးမျက်နှာကိုရဲရဲ မကြည့်ရဲတာရော ပါသည်။
"ဘာ"
စံကြီးက ရုပ်တရက် အသံပြဲကြီးနှင့်ထအော်လိုက်သည်။
"တိုးတိုးလုပ်ပါကွ....မင်းကလဲ...လူကြီးတွေမင်းအသံကြားပြီးလန့်နိုးကုန်မယ်"
"ငါ...ငါ...ခုထိမယုံနိုင်သေးဘူး..နွေကြီးရာ.. "
စံကြီးကို ကြည့်လိုက်တော့ ချွေးစေးတွေပင်ပြန်နေသည်။ဒီအကြောင်းတွေက စီးကြီးကိုတော်တော်လေး Suprise ဖြစ်သွားစေသည်ဆိုတာ နွေဂန္ဓာဦး သိပါသည်။
"ကဲ...ကဲ....အိပ်ကြစို့ကွာ...ငါမနက်ကိုစောစောပြန်မှာ"
"အေးအေး...မင်းငါ့ကိုနှိုးမှရမယ်နော်...ငါက မနက်ဆိုရင်စောစောထတဲ့ကောင်မဟုတ်ဘူး"
YOU ARE READING
He's mine❤️✨ (Completed )
Aventuraဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰