Part 9 (U+Z)

1.3K 24 6
                                    

ညနေရောက်တော့ဆရာနဲ့ကျွန်တော်ပွဲစျေးကိုသွားကြသည်။ ကားမောင်းနေတဲ့ ဆရာ့ပုံဆံက ယောကျာ်းပီသလွန်းသည်။ ရှပ်အကျီအဖြူကို ဝတ်ဆင်ထားပြီးလက်တစ်ဝက်လောက်ကိုခေါက်တင်ထားတာကြောင့် လက်ပေါ်ကသွေးကြောခပ်စိမ်းစိမ်းကြီးတွေကိုအတိုင်းသားမြင်နေရသည်။

နွေဂန္ဓာဦး ဆရာ့ကိုကြည့်ကာ အားကျစိတ်တွေတောင်ဝင်လာမိသည်အထိဖြစ်ရသည်။ ယောကျာ်းတစ်ယောက်က ဒီလောက်ပြည့်စုံစရာလိုလို့လား..။

ကျွန်တော်တို့ပွဲစျေးတန်းထဲရောက်တော့လူတွေကတဖြည်းဖြည်းနဲ့ များပြားလာကြသည်။ နွေဂန္ဓာဦး ကအရပ် ပုသူဖြစ်တာကြောင့် အသက်ရှုလို့မရပင်ဖြစ်လာရသည်။ လူတွေက လမ်းလျှောက်ရင်းနဲ့ တိုးမိနေတာကြောင့်ဆရာနဲ့ လူကွဲသွားမှာပင်စိုးရိမ်ရသည်။

ထိုအခြေအနေကို ရိပ်မိတဲ့ဆရာက နွေဂန္ဓာဦး လက်ကလေးကိုစုပ်ကိုင်လာသည်မှာ နူးနူးညံ့ညံ့။

"လာ...ကလေး..ကိုယ့်လက်ကိုမြဲမြဲကိုင်ထား.."

ဆရာရဲ့လက်ဖုဝါးအကြီးကြီးထဲမှာကျွန်တော့်ရဲ့လက်သေးသေးလေးကမြုပ်နေသည်။

ပွဲစျေးတန်းဆိုတော့ လူတွေ၊စျေးသည်တွေနှင့်ရှုပ်ရှက်ခက်နေသည်။

"ချာတိတ်... ဘာစားချင်သ​လဲ..ကိုယ်ဝယ်ကျွေးမှာပေါ့"

"အာ...ခုတော့မစားချင်သေးဘူးဆရာ...အရင်ဆုံးပင်လယ်ဓားပြစီးရအောင်"

"အော်...ချာတိတ်ကပင်လယ်ဓားပြစီးချင်တာလား"
"စီးရဲလို့လား....ချာတိတ်... အပေါ်ရောက်ခါမှရပ်ခိုင်းလို့မရဘူးနော်"

"နွေလေး စီးရဲပါတယ်ဆရာရဲ့...လာပါစီးရအောင်နော်..နော်လို့"

နွေဂန္ဓာဦး ရှိန်းဂုန်ရောင် လက်ကိုအတင်းဆွဲကာပင်လယ်ဓားပြပေါ်သို့တက်လိုက်သည်။

အပေါ်ရောက်တော့ နွေဂန္ဓာဦး အစွန်ဆုံးခုံကိုရွေးကာထိုင်လိုက်သည်။

"လာ..ဆရာဒီမှာထိုင်ရအောင်."
"အလယ်ဘက်မှာထိုင်ရင် ပုခတ်လွှဲနေသလိုကြီးဖြစ်မှာဆိုးလို့"

"ကဲ...သဘောပါဗျာ...ကိုယ်ကချာတိတ်ကြောက်မှာကိုပဲဆိုးတာ"

"မကြောက်ပါဘူး... ဆရာကလဲ..
နွေလေး ငယ်ငယ်ကဆိုရင်သစ်ပင်ခေါင်ဖျားထိတောင်တက်တာ"

He's mine❤️✨ (Completed )Where stories live. Discover now