"ဟျောင့်...နွေဂန္ဓာဦး.. ငါတို့အတန်းလစ်ရအောင်ကွာ"
"ဟာ...မင်းတို့ကလဲ...ဖြစ်ပါ့မလားကွ ငါ့ဆရာသိရင်မလွယ်လောက်ဘူး"
"ဖြစ်ပါတယ်ကွာ...အေးဆေး....အခုငါတို့ bar သွားပြီးနည်းနည်းလောက် ဘီယာလေးဘာလေးချရအောင်"
နွေဂန္ဓာဦး လိုက်ရမလားစဥ်းစားနေမိသည်..။ ခေါ်နေတဲ့သူတွေဘက်က မဲများနေတာကြောင့်ငြင်းဖို့ကလည်းအင်မတန်ခက်သည်။
"ဆရာ့ကိုငါကြောက်တယ်ဟျောင့်တွေ...ဘိုးတော်ကြီးကမလွယ်ဘူး.ငါအသိဆုံးပဲ"
"မင်းကလဲကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ငါတို့ကခနပဲသွားမှာအကြာကြီးမနေဘူး"
ထိူစကားကိုအာကာကဝင်ထောက်ခံသည်။
"ဟုတ်တယ်ကွ...ခနဆိုမှခနလေးရယ်...ဘာမှမဖြစ်ပါဘူးကွာအဲ့လောက်လဲစိုးရိမ်မေနနဲ့ဟိတ်ကောင်.."
"ပြောတာကဟုတ်ပါပြီ...ငါတို့ကဘာနဲ့သွားကြမှာလဲ..."
"အဲ့တာကတော့ မပူပါနဲ့ကွာ...စံကြီးမှာကားပါလာတယ်.."
"ဖြစ်ပါ့မလားကွာ...ပြီးတော့Math အချိန်ကြီးနော်...အဲ့တီချယ်ကလွယ်တာမဟုတ်ဘူး စည်းကမ်းကြီးတာကိုမင်းတို့လဲသိသားနဲ့"
"ဘာမဖြစ်ဘူး...စိတ်ပူမနေပါနဲ့ကွာ...လာသွားရအောင်..ကြာတယ် "
ကျွန်တော့်တို့ ၄ယောက် နောက်ဘေးလမ်းကနေကားရှိရာနေရာသို့လာခဲ့ကြသည်။
"တက်တော့...ဟျောင့်တွေ..."
စံကြီးပြောတော့အားလုံးအလျင်အမြန်ပင်တက်လိုက်ကြသည်။
ကားထဲရောက်တော့ ကောင်းမြတ်က ဆေးလိပ်ဘူးကိုဖွင့်ကာတစ်ယောက်တစ်လိပ်လိုက်ပေးသည်။
"ငါမသောက်ချင်ဘူး ကောင်းမြတ်..."
နွေဂန္ဓာဦး ငြင်းလိုက်တော့...
"ဘာလို့လဲနွေကြီးရာ...ဒီကောင်တွေလဲသောက်နေတာကို.."
"ဆေးလိပ်သောက်တာမကောင်းဘူးကွ...ကျန်းမာရေးကိုထိခိုက်စေတယ်..။ပြီးတော့ရုပ်လဲရင့်တယ်လေ..အဲ့တာကြောင့်ငါမသောက်တာ.."
"ဒီကောင်စောက်ပိုပြောပြီ...မင်းရဲ့ဆရာကမသောက်ခိုင်းလို့မလားကွ..ဟား..ဟားးးးး "
YOU ARE READING
He's mine❤️✨ (Completed )
Adventureဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰