Warning!
This scene is 18+!"ဟင့်...ဦး..အောက်ကိုချပေး"
ရှိန်းဂုန်ရောင် လက်ပေါ်မှာ အငြိမ်မနေဘဲ ခြေထောက်တွေလေပေါ်မြှောက်ပြီးကန်ကြောက်နေတဲ့ အကောင်ပေါက်လေးကို ချီကာ အခန်းထဲခေါ်လာလိုက်သည်။
"အောက်ချပေး....ဘာလို့အခန်းထဲခေါ်လာတာလဲ "
ရှိန်းဂုန်ရောင် ထိန်းထားသမျှဒေါသတွေကို ထိုကောင်လေးအပေါ် အကုန်သွန်ချမိတော့မည်။
အငြိမ်မနေတဲ့ကောင်လေးကို ကုတင်ပေါ်သို့အားကုန်ပစ်ချလိုက်သည်။"အာ့"
"မင်းနဲ့ အဲ့ကောင်နဲ့ဘယ်လိုပတ်သက်နေတာလဲ မင်းဖြေ"
နွေဂန္ဓာဦး ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ဦးကိုကြည့်လိုက်သည်။ ဦးရယ်...ဘယ်လိုတောင် နွေလေးကိုထင်ရက်ရတာလဲ...
" ဦးတောင် သေချာရှင်းမပြသေးတာပဲ....နွေလေးမှာလည်းရှင်းပြစရာအကြောင်းမရှိဘူး"
နွေဂန္ဓာဦး တမင်ရွဲ့ပြောလိုက်တာဖြစ်သည်။ ဦးတောင်မယုံသေးတာပဲ...နွေလေးရှင်းပြလည်းအပိုပဲဖြစ်မှာ ...
"ဘာ!"
"မင်းသူ့ ကိုချစ်နေတာလားဟမ်...ပြောစမ်း"
"သူများကို...အဲ့လိုလာမစွပ်စွဲနဲ့နော်...ဟင့်ကိုမိုးထက်ကုဋေကိုလည်းအားနာပါအုံး"
"ပြောတော့....လီးဖြစ်လားကွာ...တောက်!"
"လူကိုလာမဆဲနဲ့"
မိုးထက်ကုဋေ လို့ကြားလိုက်တာနဲ့...ရှိန်းဂုန်ရောင် နထင်ကြောတွေ ထောင်တက်လာသည်။
"မင်း အကောင်ကိုမင်းကာပြောနေတယ်ပေါ့ ဟုတ်လား... ဟက်!. ...ဟိုကောင်ကဘာတွေများလုပ်လိုက်လို့...ခနလေးအတွင်းမှာ ဒီလောက်တမ်းတမ်းစွဲသွားရတာလဲ ဟမ်"
ဦး ပြောတာတွေနားထောင်ပြီး နွေဂန္ဓာဦး စိတ်ပျက်လာတာကြောင့် အခန်းထဲကထွက်သွားဖို့ပြင်လိုက်သည်။
"အဲ့တာ...ဘယ်လဲ"
ရှိန်းဂုန်ရောင် ပြောလိုက်ပေမယ့် အကောင်ပေါက်လေးက ဂရုမစိုက်သလိုနဲ့ တံခါးဆီသို့သာသွားနေသည်။
YOU ARE READING
He's mine❤️✨ (Completed )
Aventuraဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰