Warning...!❗❗
ရှိန်းဂုန်ရောင် ကားမောင်းနေရင်းဘေးက အကောင်ပေါက်လေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ ဖြစ်သည်။ ဟက်!. ..ပင်ပန်းသွားပြီထင်တယ်။
အိပ်ပျော်နေတဲ့ကလေး နိုးသွားမှာကိုစိုးရိမ်တာကြောင့်ကားကိုအရှိန်လျော့ပြီးမောင်းလိုက်ရသည်။ အိမ်ပြန်ရောက်တာတောင် မနိုးသေးတာကြောင့် အိမ်ထဲကိုပွေ့ချီပြီးခေါ်လာလိုက်သည်။
"ဟယ်...သားနွေလေးပါလာတာလား"
"ဟုတ်တယ် ကြီးကြီးနွယ် သူအိပ်ပျော်နေလို့"
"အေးအေး...နိုးသွားအုံးမယ် အခန်းထဲမြန်မြန်ပို့လိုက်အုံး"
"ဟုတ်..."
နွေလေးကိုမြင်လိုက်ရတော့ ကြီးကြီးနွယ်ရဲ့မျက်နှာကအပြုံးပန်းတွေဝေဆာလို့နေသည်။ ကိုယ့်ကလေးလေးက လူလည်းချစ်စရာကောင်းသလို ချစ်မွှေးလည်းပါတာပဲ...ဟက်! စိတ်တောင်မချတော့ဘူး
အခန်းတံခါးက lockမချထားတာကြောင့်ဒီတိုင်းတွန်းပြီးဝင်လိုက်သည်။ ဒီလောက်လှုပ်ရှားနေတာတောင်တစ်ချက်မနိုးတဲ့...အိပ်ပုပ်လေးကိုအူယားမိသည်။
ဖြူဖြူသေးသေး အကောင်ပေါက်လေးကိုကုတင်ပေါ်အသာချပေးလိုက်ရင်း အပေါ်ကနေအုပ်မိုးပြီးကြည့်လိုက်သည်။ ကလေးရဲ့မျက်နှာလေးကအပြစ်ပြောစရာမရှိအောင်ကိုလှရက်လွန်းသည်။ စိတ်ကောက်ရင်အမြဲစူနေတဲ့နှုတ်ခမ်းပါးလေးတွေက အခုတော့ပြေလျော့လျော့ဖြစ်လို့နေသည်။
"မင်းကိုပိုင်ဆိုင်ရဖို့ ကိုယ်ဘယ်လောက်ထိထပ်စောင့်ရအုံးမှာလဲ"
သေချာတာကတော့ ထိုကလေးဟာနှလုံးသားတစ်စုံရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်နေပြီဖြစ်သည်။ ကိုယ်လက်လွတ်မခံနိုင်တော့ဘူး ကလေးရယ်...ကိုမင်းကိုထာဝရအပိုင်သိမ်းပြစ်ချင်နေပြီ...
အိပ်ပျော်နေတဲ့ကလေးရဲ့ နီဆွေးဆွေးနှုတ်ခမ်းပါးလေးကိုဖိကပ်နမ်းရှိုက်လိုက်သည်။ ကိုယ်မရတော့ဘူး...ကိုယ်မင်းကိုထိတွေလိုက်တိုင်း ခန္ဓာကိုယ်ထဲကသွေးတွေပြောင်းပြန်စီးဆင်းသွားသလိုခံစားရတယ်...
![](https://img.wattpad.com/cover/348181509-288-k365431.jpg)
YOU ARE READING
He's mine❤️✨ (Completed )
Adventureဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰