နွေဂန္ဓာဦး စိတ်ရှုပ်ရှားလွန်းတာကြောင့်မနက် လေးနာရီထဲကနိုးနေသည်။ ညကလည်းအတွေးလွန်နေတာကြောင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာဖြစ်သည်။
အိပ်လို့လည်းမရတော့တာကြောင့် ထပြီးမျက်နှာသစ်လိုက်သည်။ မေမေက ဘုရားတရားမမေ့ဖို့မှာထားတာကြောင့် စိတ်တည်ငြိမ်မှုရသွားအောင်တရားထိုင်ဖို့တွေးလိုက်သည်။ အခုနောက်ပိုင်း စိတ်နဲ့ပတ်သက်တာတွေကိုလေ့လာနေတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပုံပြီးရှိလာသည်။ ဘုရားခန်းရှေ့မှကျကျနနထိုင်လိုက်ပြီး ပဌာန်းအရှည်ကို ရွတ်ဖတ်ပူဇော်နေလိုက်သည်။
ပဌာန်းလည်းရွတ်ဖတ်ပြီးနောက်တစ်ဆယ့်ငါးမိနစ်တရားထိုင်လိုက်သည်။ အချိန်အတော်ကြာတော့မှ ဘုရားခန်းကနေပြန်ထွက်လာလိုက်သည်။ နာရီကိုကြည့်လိုက်တော့ ငါးနာရီ ပဲရှိသေးတာကြောင့်အိမ်ထဲမှာ အခေါ်ပေါင်းမရည်နိုင်အောင်လမ်းလျှောက်နေမိသည်။
ရှိန်းဂုန်ရောင် နိုးလာတော့ဘေးက ကလေးကမရှိတော့တာကြောင့်စိတ်ပူသွားရသည်။ ဘုရားရှိခိုးသံကြားရလို့ သွားကြည့်လိုက်တော့ ကိုယ်တော်လေးကဘုရားတရားတွေလိမ့်လုပ်နေသည်။တကယ့် ဟာလေး...
"ဟယ်လို"
"ဟယ်လို... အေးချမ်း ဘယ်လိုလဲ ငါ့ကလေးအခြေအနေ"
အေးချမ်းဆိုတာက ငယ်ငယ်ကတည်းကလည်ပင်းဖတ်ပြီးပေါင်းလာတဲ့ကောင်ဖြစ်သည်။အခုတော့သူကမြို့နယ် ပညာရေမှူးဖြစ်နေသည်။
"သားကြီးရေ...မင်းဝမ်းသာလိုက်တော့ အပိုဆုငါးခုတောင်ပါတယ်"
အေးချမ်းက ဝမ်းသာအားရပြောနေတာကြောင့်ရှိန်းဂုဏ်ရောင် ကလေးအတွက်ပိုပြီးပီတိဖြစ်ရသည်။
"ဟက်!...ငါ့ကလေးလေးကတော်လိုက်တာ"
"ကလေးကလည်းတော်သလို မင်းရဲ့ကိုယ်ဖိရင်ဖိသင်ကြားပေးမှုတွေကြောင့်လည်းပါလောက်တယ်ကွ"
အေးချမ်း ဘာကိုဆိုလိုချင်လဲဆိုတာ ရှိန်းဂုန်ရောင် တပ်အပ်သိပါသည်။ ဒီကောင်က တကယ့်ငနောက်!
"ချီး! ခွေးကောင်...အနားမှာရှိရင်မင်းကိုဆွဲထိုးပြီးနေပြီ"
![](https://img.wattpad.com/cover/348181509-288-k365431.jpg)
YOU ARE READING
He's mine❤️✨ (Completed )
Aventuraဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰