"အောင်စာရင်းက မနက်ဖြန်ထွက်မှာဆိုတော့ စိတ်တွေအရမ်းလှုပ်ရှားနေပြီကွာ...အောင်တောင်အောင်ပါမလားမသိဘူး...ငါလခွမ်း"
စံကြီးပြောလိုက်တဲ့စကားကြောင့် သုံးယောက်လုံးစားနေတဲ့အစာတွေတောင်နင်သွားရသည်။
"မင်းကလဲကွာ...ပါးစပ်ပုပ်ပြီးနဲ့မပြောစမ်းနဲ့ ငါတို့တစ်ဖွဲ့လုံးအကုန်အောင်မှာပါကွ"
"အေးလေ..အာကာတောင်အောင်မယ်ဆိုတာသိတယ်မင်းကဘာထဖြစ်နေတာလဲ စံကြီးရာ...confidentရှိစမ်းပါကွ"
မနက်ဖြန် အောင်စာရင်းထွက်မှာဆိုတော့ လူစုံတက်စုံဖြစ်နေသည်။ နွေဂန္ဓာဦး ကလောမြို့ကိုရောက်နေပေမယ့် ဦးရှိန်းဆီကိုတော့မသွားဖြစ်ပါ။
"ကဲ...ငါတို့အဲ့အကြောင်းကိုမစဥ်းစားဘဲနေရအောင်ကွာ အခုစားစရာရှိတာစားရအောင်"
"နွေကြီးပြောတာမှန်တယ်...စားကြရအောင် "
ကောင်းမြတ်က ဘီယာဘူးအဖုံးကိုဖွင့်လိုက်ပြီးခွက်တွေထဲလိုက်ထည့်ပေးနေသည်။ ဒီတစ်ခါတော့ နွေလေးမသောက်မယ့်အကြောင်းကိုသေချာ ယတိပြတ်ငြင်းပြီးသားဖြစ်သည်။
"ငါမသောက်ဘူးနော်...ကောင်းမြတ်"
"အေးပါကွာ... မင်းကဘုရားဖြစ်မယ့်အုတ်နီခဲကြီးဆိုတော့ မသောက်နဲ့ပေါ့"
တမင်ရွဲ့ပြောနေတဲ့ကောင်းမြတ်ကို မျက်စောင်းတစ်ချက်အကြည့်ပို့လိုက်ရင်း ဆိုင်တစ်ခါးဝက လူနှစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရသည်။ ကောင်းမြတ်နဲ့အာကာ ကဆိုင်အပေါ်ဝဘက်ကိုကြောခိုင်းနေတာကြောင့် နွေလေးတို့ဘက်ကဆိုင်ထဲကိုဝင်လာတဲ့သူတွေကိုသေချာမြင်ရသည်။
"ဟျောင့် နွေကြီး ဆိုင်ထဲဝင်လာတဲ့တစ်ယောက်ကဦးရှိန်းမလား"
စံကြီး မပြောခင်ထဲက နွေဂန္ဓာဦးမြင်ပြီးပြီဖြစ်သည်။ ပထမ ဦးရှိန်းကိုမြင်လိုက်ရတော့ ပျော်သွားမိတာမှန်ပေမယ့် နောက်ကမ မဒီကိုပါတွေ့လိုက်ရတော့ပျော်နေတဲ့စိတ်တွေတောင် သဲထဲရေသွန်သလိုပျောက်ရှသွားရသည်။
"အင်း..."
စကားပြောရတာ လည်းစိတ်မပါတော့တာကြောင့်နွေဂန္ဓာဦး အင်း တစ်လုံးပဲပြောလိုက်မိသည်။
YOU ARE READING
He's mine❤️✨ (Completed )
Adventureဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰