part 18 (U+Z)

354 11 4
                                    

ဒေါက်..... ဒေါက်.... ဒေါက်

"မောင်ရေ....မထသေးဘူးလား... နေမြင့်နေပြီနော်"

မောင်နေမကောင်းလို့များလား...အရင်ကဒီလောက်ထိမအိပ်ဖူးပါဘူး။ မဒီ အတွေးနယ်ချယ့်နေရင်း....ညကကိစ္စကိုသတိရသွားသည်။

မောင်ညက..ဟိုကောင်လေးနဲ့ရန်ဖြစ်ကြတာပဲ....မဟုတ်မှလွဲရော.... ဟိုကောင်လေးက မောင့်အခန်းထဲမှာများလား...။

အို....မဖြစ်နိုင်ပါဘူး...မောင်ကငါတစ်ယောက်ထဲကိုပဲချစ်တာ....မောင်ကမဒီ အတွက်ပဲမောင်...မဒီထင်နေသလိုမဖြစ်ပါစေနဲ့.....

မဒီ အသက်ကိုပြင်းပြင်းရှူလိုက်ကာ...အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။

"ဟင်..."

မြင်လိုက်ရတဲ့မြင်ကွင်းက မဒီရင်ဘတ်ကိုအားပြင်းပြင်းနဲ့စောင့်ကန်ခံလိုက်ရသလို....အောင့်တတ်သွားရသည်။

"ဟင့်အင်း...ငါအမြင်မှားတာပဲနေမှာပါ"

မဒီ ရဲ့မျက်ဝန်းအိမ်တွေထဲမှာ...မျက်ရည်တွေကြောင့်ပိုပြီး ဝေဝါးလာရသည်။

"မောင့်.....ဒါကဘယ်လိုဖြစ်နေတာလဲ.."

မဒီအော်သံ ကြောင့်မောင်ရဲ့မျက်လုံးတွေတွန့်ချိုးကာ....မကြည်သလိုအကြည့်တွေနဲ့မဒီ့ကိုကြည်လာသည်။

"ဘာလဲ...မဒီ....သူများတွေအိပ်နေတာ မင်းနားမလည်ဘူးလား...ဟမ်"

"ဘာပြောတယ် မောင်..."

"ကျစ်..."

"မင်း နဲ့ငါကြားမှာဘာမှပတ်သက်စရာမလိုတော့ဘူးမဒီ....ငါတို့ရဲ့ဆက်ဆံရေးက လွန်ခဲ့တဲ့နှစ် နှစ်ထဲကပြီးခဲ့ပြီ"

"ဟင့်အင်း...မောင် မဒီမောင့်ကိုလက်လွှတ်မပေးနိုင်ဘူး"

"မင်းပဲ..... အရင်တုန်းက စွန့်လွှတ်ခဲ့တာလေ...မင်းမကောင်းဘူးထင်ပြီးစွန့်လွှတ်ခဲ့တဲ့အမှိုက်ကို အခုမှပြန်လိုချင်လို့မရဘူး"

မောင့်ရဲ့မျက်နှာကတည်တင်းကာ ကြောက်စရာကောင်းနေသည်။

"မဒီ...တောင်းပန်ပါတယ် မောင်ရယ်နော်....မဒီတို့အရင်လို ပြန်နေရအောင်နော်"

"ဟမ့်....မဖြစ်နိုင်တော့ဘူး မဒီ...ကိုယ်ကထွေးပြီးသား တံတွေးကိုပြန်မြိုမယ့်ကောင်မဟုတ်ဘူး"

He's mine❤️✨ (Completed )Where stories live. Discover now