နွေဂန္ဓာဦး အိမ်အပြင်ဘက် ပန်းခြံထဲက ထိုင်ခုံလေးမှာထွက်ထိုင်နေလိုက်သည်။ ဒီအချိန်မှာ တစ်ယောက်ထဲနေချင်တာပဲသိသည်။ဝမ်းနည်းစိတ်တွေက ရင်ထဲကိုလှိုက်လို့ပင်တက်လာတာကြောင့် အသက်ပြင်းပြင်းရှူကာ ကောင်းကင်းကြီးရဲ့ အလှကိုခံစားလိုက်မှ နေသာထိုင်သာရှိသွားတော့သည်။
လပြည့်ညမလို့ထင်ပါရဲ့ ဒီနေ့မှကောင်းကင်ကြီးက ပိုပြည့်စုံနေသလိုခံစားရသည်။ ဒီအချိန်သာ အိမ်မှာဆိုရင် လမ်းထဲက ကလေးတွေနဲ့ဆော့နေမိမှာသေချာသည်။ အတွေးနယ်ချဲ့နေရင်း အိမ်ကိုသတိရသွားတာကြောင့် ဖုန်းခေါ်ကြည့်ဖို့တွေးလိုက်သည်။
ဖုန်းကပျက်နေတာဆိုတော့...ကြီးကြီးနွယ်ကိုပဲသွားပြီးအပူကပ်ရမည်။ နွေဂန္ဓာဦး ထိုင်နေရာမှထလိုက်ပြီးအိမ်ထဲကိုပြန်ဝင်လိုက်သည်။ အချိန်က 8နာရီပဲရှိသေးတာကြောင့် ကြီးကြီးနွယ် မအိပ်သေးဖို့ပဲဆုတောင်းရမည်။
ကံကောင်းချင်တော့ ကြီးကြီးနွယ်ကမအိပ်သေးပဲ မီးဖိုချောင်ခန်းထဲမှာ ပန်းကန်တွေကိုသိမ်းစဲနေတာကိုတွေ့လိုက်ရသည်။
"ကြီးကြီးနွယ်...ညဘက်ကြီးဘာတွေလုပ်နေတာလဲ"
"အော်သားနွေလေးပဲ... ဒီမှာလေပန်းကန်သိမ်းဖို့တွေမေ့နေလို့ လာသိမ်းတာ"
"ဟုတ်ကဲ့...ကြီးကြီးနွယ်"
"နွေလေးကရော...ဘာလုပ်နေတာလဲ.."
"သား ကြီးကြီးနွယ်ဆီက ဖုန်းလေးခန ငှားချင်လို့ပါ...သားဖုန်းကလည်းပျက်နေလို့"
"ရတယ်လေ..နွေလေးရဲ့ ...ဒီမှာရော့"
ကြီးကြီးနွယ်က သူ့အိပ်ကပ်ထဲကဖုန်းလေးကိုထုတ်ပြီးပေးလာသည်။
"ကျေးဇူးပါ... ကြီးကြီးနွယ်..ခနလေးပဲသုံးမှာနော်..ဖုန်းဆက်ရုံလေးပဲ"
"ရပါတယ်ကွယ်...ဒါနဲ့ဘယ်သူ့ကိုဖုန်းဆက်မလို့တုန်း...ဒီအချိန်ကြီးကို"
"အိမ်ကို ဆက်မလို့ပါကြီးကြီးနွယ်.."
"ဒီကလေး...အိမ်ကိုသတိရသွားပြီပေါ့ ဟုတ်သလား"
"ဟီး...ဟုတ်တယ်ကြီးနွယ်ရေ...အိမ်နဲ့လဲခွဲနေရတာကြာပြီဆိုတော့..သတိရတာပေါ့ဗျာ.."
YOU ARE READING
He's mine❤️✨ (Completed )
Adventureဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰