part 21 (U+Z)

446 15 4
                                    

ဆေးရုံရောက်တော့ နွေ အတော်ပင်သက်သာနေပြီဖြစ်သည်။ ဦးက VIP အခန်းထဲမှာထားတာကြောင့် ပျင်းလာရသည်။အခန်းကလည်းကျယ်တာကြောင့် ပိုပျင်းစရာကောင်းနေတာဖြစ်သည်။

" ပျင်းလိုက်တာ ဒီအချိန်ဦးသာလာရင်ကောင်းမှာပဲ"

နွေ ဘေးကိုကြည့်လိုက်တော့ Nurse တစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ပျော်သွားသည်။
သူနာပြုအမက အခန်းထောင့်ကခုံမှာထိုင်ကာ...စာရင်းတွေလုပ်နေသည်။

"ဟိုလေ...အမ"

နွေဂန္ဓာဦး လှမ်းခေါ်လိုက်တော့ သူနာပြုအမကအနားသို့ရောက်လာသည်။

"ဘာများကူညီပေးရပါမလဲ ရှင်"

"ဦး..ဟုတ်ပါဘူး...Doctor ကိုခေါ်ပေးလို့ရမလားဗျ"

နွေ Nurse ရဲ့ရှေ့မှာ ဦးလို့ခေါ်မိတော့မလို့ ပါးစပ်ကိုမနည်းဘရိတ်အုပ်လိုက်ရသည်။

"အော်... Doctor ကအခုမအားပါသေးပါဘူးရှင့်...သူကအခုခွဲစိတ်ခန်းဝင်နေလို့ပါ..မောင်လေးလိုအပ်တာရှိရင်အမကိုပြောဖို့ မှာခဲ့ပါတယ်"

"အော်..ဟုတ်ကဲ့ကျေးဇူးပါအမ...ဒါဆိုကျွန်တော်အပြင်ခနထွက်လိုက်အုံးမယ်"

"ဟုတ်ပြီမောင်လေး...အဝေးကြီးတော့မသွားနဲ့နော် Doctor စိတ်ပူနေမှာဆိုးလို့ပါ"

"ဟုတ်ကဲ့ပါ...အမ"

နွေ အခန်းထဲမှာနေရတာအသက်ရှုူကြပ်လာသောကြောင့် အပြင်ဘက်ကို လေကောင်းလေသန့်ရှူဖို့ထွက်လာလိုက်သည်။

"အား...အခုမှပဲအသက်ရှူချောင်သွားတော့တယ်ကွာ"

နွေ မျက်လုံးတွေကိုမှိတ်လိုက်ကာ လေရဲ့အရသာကိုအပြည့်အဝရှူရှိုက်နေတုန်းနောက်က ခြေသံကြားရတာကြောင့်လှည့်ကြည့်လိုက်တော့ လူတစ်ယောက်ကသူ့ကိုချုပ်ကာ နှာခေါင်းကိုပဝါဖြင့်အုပ်လိုက်သည်။

"အွန့်...အွန့်...လွှတ်ပေး"

ခနအကြာမှာတော့ နွေ မျက်လုံးတွေအမှောင်ကျသွားကာ...ဘာမှမသိရတော့...

....................................

ရှိန်းဂုန်ရောင် ခွဲစိတ်ခန်းဝင်ပြီးတော့ ကလေးဆီတန်းလာလိုက်သည်။ တစ်ယောက်ထဲဆိုတော့... ပျင်းနေတော့မှာပဲ..ဟက်!

He's mine❤️✨ (Completed )Where stories live. Discover now