Part 12 (U+Z)

720 17 5
                                    

"မောင်"
မဒီရဲ့အသံတွေက နာကျင်မှုကိုမြိုသိပ်ထားရသလိုမျိုး အပ်ကွဲနေသည်။

"ဖြစ်ခဲ့တာတွေအတွက်... မဒီတောင်းပန်ပါတယ်မောင်"

"ဘာကြောင့်လဲ.... မဒီ..ခုမှ ဘာလို့လာတောင်းပန်နေရတာလဲ....မင်းလုပ်ချင်တိုင်းလုပ်ပြီးမှ ငါ့ကိုလာတောင်းပန်ရအောင်...ငါကစောက်ရူးမဟုတ်ဘူး...မင်းသိလား"

ရှိန်းဂုန်ရောင် ဒေါသတွေကိုမနည်းထိန်းထားရသောကြောင့် မျက်နှာတစ်ခုလုံးပေါက်ထွက်မတက်ဖြစ်နေသည်။

"မောင်ရယ်....မဒီ...မဒီမှားသွားခဲ့ပါတယ်...မဒီမောင့်ကိုမထားခဲ့လိုက်သင့်ဘူး..အဲ့အမှားတွေအတွက်မဒီ..မောင်ကျေနပ်တဲ့အထိတောင်းပန်ပါမယ်..မောင်.."

"ဟက်!. ..မင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ရအောင်ငါက ဇရပ် မဟုတ်ဘူး..အခုငါ့မှာချစ်ရတဲ့သူရှိနေပြီ...မင်းလာမနှောင့်ယှက်ဖို့ပြောချင်တယ်"

"မောင့်.."

မဒီ မောင့်ရဲ့လက်တွေကိုအမိအရလိုက်ဆွဲလိုက်မိသည်။ မဒီဘယ်လိုလုပ်ရမလဲမောင်ရယ်..မဒီမောင့်ကို အဆုံးရှုံးမခံနိုင်ဘူး။

ရှိန်းဂုန်ရောင် မဒီရဲ့လက်တွေကို ခါချပစ်လိုက်ပြီး အပေါ်ထပ်ကိုတက်လာခဲ့သည်။ ဒီကိစ္စကို ကလေးနားလည်အောင်ရှင်းပြမည်။ရှေ့လျှောက်ပြီး ကလေးနဲ့ သူနဲ့ကြားမှာဘယ်သူမှ ဝင်ပြီးနှောင့်ယှက်လို့မရအောင်ကြိုးစားမည်။

"မောင်ရယ်...အဲ့ကောင်လေးအတွက်နဲ့မဒီ့ကိုတွန်းချခဲ့တယ်ပေါ့...မဒီ..ဘာကောင်မလဲဆိုတာမောင်သိစေရမယ်...မောင့်ကိုမဒီ မရရအောင်ပြန်ယူပြမယ်...မောင် စောင့်ကြည့်နေလိုက်"

ထိုစကားသံတွေကိုတော့ အပေါ်ထက်ကိုတက်သွားတဲ့ မောင်တစ်ယောက်ကြားမည်မထင်ပါ။

...........................

နွေဂန္ဓာဦး အခန်းထဲရောက်တော့ အသိစိတ်မရှိတဲ့လူတစ်ယောက်လို ထိုင်နေမိသည်။ရင်ဘတ်တစ်ခုလုံးလေးလံနေပြီး...တင်းကြပ်မှုတွေကလည်းပြောမပြနိုင်အောင်ဖြစ်သည်။

"ဟင့်...ငါဘာလို့မျက်ရည်တွေကျနေရတာလဲ...ငါဘာလို့ခုလိုတွေဖြစ်နေရတာလဲ"

He's mine❤️✨ (Completed )Where stories live. Discover now