နွေဂန္ဓာဦး အောက်ထပ်သို့အမြန်ဆင်းလာခဲ့သည်။
"မင်းကလဲကွာ....စောင့်ရတာကြာလိုက်တာ..ပိုထူးပြီးလှလာမှာလဲမဟုတ်ပဲနဲ့"
စံကြီးက ထုံးစံအတိုင်းပင် လူကိုကြည့်ကာ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်နေသည်။
"ငါ...အကျီရှာနေလို့ကြာသွားတာပါကွာ...မင်းကလဲ"
"ဟေ့ကောင်....နွေကြီး ဆရာရော"
အာကာ ကစကားဖြတ်ကာဝင်မေးသည်။ဦးရှိန်းအကြောင်းကိုမေးခံရတော့ နွေဂန္ဓာဦး ရင်ဘတ်ထဲက တင်းကျပ်သလိုခံစားလာရသည်။
"သူ...အပေါ်ထပ်မှာ"
ဆရာ့အကြောင်းမေးတာကို ဒီကောင်ဘာလို့မျက်နှာပျက်သွားရတာလဲ......
"အော်...ဒါဆို ဆရာအိမ်မှာရှိတယ်ပေါ့..."
"အေး...ရှိတယ်..မင်းကဘာလို့ဦးရှိန်းကိုမေးနေတာလဲ"
"ငါ့အမေ မေးခိုင်းလိုက်လို့ကွာ...သူနေမကောင်းလို့အဲ့တာကြောင့်"
"ဒါဆို... မင်းအမေကိုဖုန်းလှမ်းဆက်လိုက်လေ...ပြီးရင်ငါတို့သွားရအောင်"
စံကြီးက စိတ်မရှည်တဲ့လေသံနဲ့ဝင်ပြောသည်။
"အေးပါ...စံကြီးရာ... မင်းကလဲစိတ်ကိုတစ်စက်မှမရှည်ဘူး...အဲ့တာကြောင့်မင်းအရပ်ကလဲ ဒီကနေမတက်လာတာ"
အာကာက ရှုပ်နောက်နောက်ပြောလိုက်ပေမယ့် စံကြီးရဲ့ မျက်နှာ တစ်ခုလုံးနီရဲလာသည်။ သူ့အရပ်ကိုထိရင်..လုံးဝမကြိုက်တဲ့ကောင်....
"လီးပဲကွာ...မင်းငါ့အရပ် အကြောင်းထပ်ပြောမယ်ဆိုရင် မင်းနဲ့ငါ စစ်ခင်းရလိမ့်မယ်..ဟိတ်ကောင်"
ရန်ဖြစ်တော့မယ့်မျောက်နှစ်ကောင်ကို နွေဂန္ဓာဦး ဝင်တားလိုက်ရသည်။ဒီကောင်တွေနဲ့ မတွေ့လိုက်နဲ့တွေရင်ကိုက်ဖို့ချောင်းနေတဲ့ကောင်တွေ...
"ကဲ..ကဲတော်ကြတော့ကွာ...သွားဖို့အချိန်နောက်ကျနေပြီ"
.........,.
တစ်နာရီလောက်မောင်းနှင်ပြီးတဲ့အခါမှာ နွေဂန္ဓာဦး ဒုတိယအကြိမ် Bar သို့ထပ်ရောက်လာခဲ့သည်။

YOU ARE READING
He's mine❤️✨ (Completed )
مغامرةဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰