part 30 (U+Z)

381 11 0
                                    

"ဦး...အောင်စာရင်းကဘယ်အချိန်ထွက်မှာလဲဟင် နွေလေးစိတ်တွေအရမ်းလှုပ်ရှားနေပြီ သိလား"

"မနက်ငါးနာရီလောက် ထွက်မယ်ကြားတယ် အရမ်းလဲစိတ်လှုပ်ရှားမနေပါနဲ့ ကလေးရဲ့"

နွေလေး ဦးရဲ့မျက်နှာအနှံ့ကိုလက်ဖြင့်ပွတ်သက်လိုက်ပြီး ဦးရဲ့နှာတံချွန်းချွန်းကိုအားနဲ့ညှစ်ပစ်လိုက်သည်။

"မလှုပ်ရှားလို့ရမလား ဒီလောက်အရေးကြီးတဲ့ကိစ္စကို"

"ဟုတ်ပါပြီဗျာ...ဦးကတော့ ကလေးလေးကိုအပြည့်အဝယုံတာမလို့အရမ်းကြီးစိတ်လှုပ်ရှားမနေဘူး။ ပြီးတော့ အောင်ရင်လည်း ဦးနဲ့ယူရမှာပဲ မအောင်ရင်လည်းဦးနဲ့ယူရမှာပဲလေ...ဦးအတွက်ကတော့အကုန်အဆင်ပြေတယ်"

"ဟွန်းနော်... လူလည်မကျနဲ့ ဘယ်သူကယူမယ်လို့ပြောလို့လဲ"

နွေလေးကမျက်စောင်းထိုးလေးထိုးပြီးပြောလိုက်တော့ ဦးကရုပ်တည်ကြီးနဲ့လူကိုပြန်ကြည့်သည်။

"ဦးကို မယူရင်ကလေးကဘယ်သူ့ကိုယူမှာလဲ...ပြောစမ်း"

"နွေလေးက ငယ်ငယ်လေးပဲရှိသေးတာကို ဆယ်တန်းအာင်ပြီးယောကျာ်းချက်ချင်းတန်းယူလို့ကောင်းပါ့မလား...တော်ကြာမိဘကျေးဇူးကန်းတဲ့သားမိုက်ဖြစ်နေအုံးမယ်"

ဦးက နွေလေးမျက်နှာကိုဆွဲယူလိုက်ပြီး လေးနက်တဲ့အကြည့်တွေနဲ့ကြည့်လာသည်။

"ကိုယ်ကလေးကိုတာဝန်ယူနိုင်သလို...ကလေးမိဘတွေကိုလည်းစောင့်ရှောက်ပေးနိုင်တယ်...အဓိကက ဦးရှိနေသ၍ ဦးရဲ့ကလေးလေးမျက်နှာမငယ်ရဘူးဆိုတာ ကလေးမှတ်ထားပေးပါ "

ဦးက စကားတွေအတည်ပြောလာတာကြောင့် ဝမ်းသာမိသလိုဝမ်းလည်းဝမ်းနည်းမိပါသည်။

"နွေလေးကို တန်ဖိုးထားချစ်ပေးလို့ကျေးဇူးတင်ပါတယ် ဦး လက်ထပ်ဖို့ကိစ္စကိုတော့ နွေလေး​သေချာအချိန်ယူ​ပြစဥ်းစားချင်သေးတယ်"

"ကလေးလေး သဘောပါ ကလေးကျောင်းပြီးအောင်တက်ချင်တယ်ဆိုရင်လည်း ဦးစောင့်ပေးနိုင်ပါတယ်...ဒါပေမယ့် ဦးတို့လက်ထပ်ပြီးမှဆိုရင်လည်း ကျောင်းကဆက်တက်လို့ရတာပဲ အဲ့ကိစ္စအတွက်မပူနဲ့"

He's mine❤️✨ (Completed )Where stories live. Discover now