အိမ်ပြန်ရောက်တော့ နွေဂန္ဓာဦး ဘယ်သူနဲ့မှစကားမပြောချင်တာကြောင့်အခန်းထဲမှာပဲအောင်းနေလိုက်သည်။ အသည်းကွဲတဲ့ခံစားချက်ကြီးကလည်း မကောင်းလိုက်တာ...ထမင်းတောင်မစားနိုင်တဲ့အထိ...
တစ်လလောက်တော့ ငိုလိုက်ပြိုလဲလိုက်နဲ့ပဲအချိန်တွေကုန်ဆုံးသွားသည်။ နောက်ပိုင်းတော့ အရင်ကထက်ကိုယ့်ကိုယ်ကိုပိုပြီး healing လုပ်နိုင်လာတယ်လို့ နွေလေးထင်မိသည်။
အောင်စာရင်းထွက်ဖို့ကလည်း နီးကပ်လာတာကြောင့် ဘုရားတရားကိုပိုလုပ်နေမိသည်။ ဘုရားမှာလဲ နှစ်ချင်းပေါက်အောင်ဖို့ ဆုတောင်းရသည်မှာလဲ အမော...
ဒီနှစ်အောင်မှဖြစ်မှာ...အကယ်၍မအောင်ခဲ့လို့ ဦးဆီမှာပြန်ပြီးနေရရင်အခြေအနေကြီးကလုံးဝအဆင်မပြေတာကြောင့်ပိုစိတ်ညစ်မိသည်။
အိမ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်း ဦးရှိန်းကိုအဆက်အသွယ် မလုပ်ဖြစ်တော့သလို ဦးရှိန်းဘက်ကလည်း မဆက်သွယ်လာခဲ့ပါ။
ဒီပွဲမှာ စပြီးမခေါ်တဲ့သူကအနိုင်ပဲ..ကိုယ့်မာနကိုအထိခိုက်ခံပြီးတော့ ကိုယ့်ကိုအလိုမရှိတော့တဲ့လူတစ်ယောက်ကိုစပြီးမခေါ်ချင်ပါ။
ဒီလိုနဲ့ မာနချင်းပြိုင်ပြီး ဝေးသွားကြရင်လည်း ကံတရားအတိုင်းပဲလို့သာတွေးလိုက်သည်။
အခုလဲ အိမ်အောက်ထပ်ကိုဆင်းကာ ....မေမေ့ဆီကိုစိတ်ပျေလက်ပျောက်စကားပြောရအောင်သွားလိုက်သည်။
"မေမေ...ဘာတွေလုပ်နေတာ"
"အော်...ဘာလုပ်ရမှာလဲသားရယ်...ထုံးစံအတိုင်း မိန်းမသားတို့တာဝန်အရချက်ပြုတ်ရတာပေါ့"
"ငါ့မေမေကတော့ စကားပြောတွေကြွယ်လိုက်တာ...ဒါနဲ့သားဘာကူလုပ်ပေးရမလဲ "
"အမလေး...ဘာမှမလုပ်ပေးပါနဲ့...အေးအေးဆေးဆေးနားပြီးနေပါ "
မေမေက ကြက်သွန်အဖြူအနီတွေကိုရောပြီးထောင်းနေသည်။
"မေမေ...ပေး..သားကူထောင်းပေးမယ်"
"ကဲ...ဒီကလေး ထောင်းချင်သပဆိုရင်လည်း မငြင်းတော့ပါဘူး...ရော့..မဖိတ်စေနဲ့နော် သေချာလေးထောင်း"
YOU ARE READING
He's mine❤️✨ (Completed )
مغامرةဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰