part 23 (U+Z)

310 12 4
                                    

ဆရာ ရုတ်တရက်ကြီးပျောက်သွားတာကြောင့် နေထက်ဖုန်းတွေအကြိမ်ကြိမ်ခေါ်ကြည့်နေလိုက်သည်။

ဆရာ အဆင်ပြေရဲ့လားမသိဘူး..ငါဖုန်းကိုထပ်ခေါ်ကြည့်လိုက်ရင်ကောင်းမလား....

ဟာ..ကြာပါတယ်ကွာ...ကိုင်တာမကိုင်တာအသာထား ထပ်ပြီးခေါ်ကြည့်လိုက်မယ်...။

တူ...တူ...တူ....

ဖုန်းကိုင်ပါတော့...ဆရာရယ်...စိတ်တွေပူလှပြီ...ချီး*
နေထက် အတွေးလွန်ပြီးခေါင်းတွေပါကိုက်လာတာကြောင့် လက်ဖြင့်နှိပ်နေလိုက်ရသည်။

"Hello "

ဟာ...ဖုန်းကိုင်ပြီဟ!

"Hello....ဆရာ...ဆရာဘယ်တွေရောက်နေတာလဲ"

"အခုကအိမ်ပြန်ရောက်ပြီ"

"တော်သေးတာပေါ့​​​​...ဆရာရုတ်တရက်ကြီးပျောက်သွားတော့ကျွန်တော်စိတ်ပူသွားတာ...ဒါနဲ့ နွေလေးကရောဆရာ....သူရောဘယ်ပျောက်သွားတာလဲ"

နေထက် သိချင်စောနဲ့မေးခွန်းတွေဆက်တိုက်မေးနေမိသည်။ ဆရာ့ဘက်က သက်ပျင်းချသံ ကြားလိုက်ရသည်။

"ဟိုကောင်..ဧက ခေါ်သွားတာ"

"ဟမ်...ဒီကောင်နဲ့ဆရာနဲ့က ပတ်သက်မှုမရှိတော့ဘူးမလားဆရာ..သူကဘာလို့ ခုမှပြန်ပေါ်လာရတာလဲ....ခွေးသူတောင်းစားက"

"ဒီကောင် အရောင်းအဝယ်အဆင်မပြေလောက်ဘူး နေထက်....အဲ့တာကြောင့် ငါ့ကိုလာပြသနာရှာနေတာ"

"ဒီကိစ္စကို ကျွန်တော်ကြည့်ရှင်းလိုက်မယ်ဆရာ...ဒီကောင်ကမှတ်လောက်သားလောက်ရှိအောင်လုပ်ပေးမှတော်ကာကြတာ"

"အင်း...နောက်နေ့မှအေးဆေးဆက်ပြောကြတာပေါ့..မင်းလည်းတစ်နေ့လုံး မနားရသေးဘူးမလား"

"နေထက်တို့က ဒီလောက်လေးကတော့အပျော့ပါဗျ...ဆရာသာ ဆရာ့ရဲ့ဘေဘီလေးနဲ့ အေးဆေးအနားယူပါ...ဟဲဟဲ"

နေထက် အသံကိုကြားပြီးရှိန်းဂုန်ရောင်ပြုံးလိုက်မိသည်။ဟက်! ဒီကောင် တကယ့်ငနောက်!

လူငယ်ပီပီ နေထက်က ပျော်ပျော်နေတတ်ပြီး တစ်ခြားသူတွေကိုလည်း အမြဲစနောက်တတ်သည်။ မျက်နှာကလည်းအမြဲတမ်း ပြုံးရွှင်နေတတ်ပြီး ဖော်ရွေသည်။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာတော့အမြဲတမ်းတိကျပြီး စည်းကမ်းရှိသည်။ ဒီအချက်တွေကြောင့်လည်း နေထက်ကို လူရုံတော်အဖြစ်ခန့်ထားတာဖြစ်သည်။

He's mine❤️✨ (Completed )Where stories live. Discover now