"မင်းနေကောင်းသွားပြီဆိုတော့မောင်ရှိန်းဆီသွားနေရမယ်"
နွေဂန္ဓာဦး ထမင်းစားနေရင်း ဖေဖေ့စကားကြားရတော့ သီးသွားရသည်။"အဟွတ်.... အဟွတ်.."
"ဗျာ..ဘာလို့လဲဖေဖေ...သူဆီဘာလို့သွားနေရမှာလဲ..ကျွန်တော်မသွားချင်ဘူး"ကျွန်တော့်ပြောစကားကြောင့်ဖေဖေကမျက်စောင်းထိူးကြည့်ပြီးး....
"မင်းအထွန့်မတတ်နဲ့ဟိတ်ကောင်...ငါသွားဆိုသွားရမယ်....လူကြီးကကောင်းဖို့လုပ်ပေးတာကိုမင်းကရောင့်တတ်ချင်မနေနဲ့..."
နွေဂန္ဓာဦး စိတ်ပျက်သွားခဲ့သည်...။ငါဒီလူကြီးနဲ့ဘယ်လိုနေရပါ့မလဲ။ ခနလေးနေတာတောင် ဒီလောက် နေရထိုင်ရခက်ပြီး ကြောက်စရာကောင်းနေတာကို....
"ဒီမှာကဘာဖြစ်နေလို့လဲဖေဖေရာ...ဖေဖေကကျွန်တော့်ကိုအိမ်မှာမနေခိုင်းစေချင်တဲ့သဘောလား.."
"ဒီမှာဟိတ်ကောင်...မင်းကိုအလိုလိုက်ထားမိတာငါမှားတာ...အဲ့တာကြောင့်အပိုးကျိုးအောင်မောင်ရှိန်းဆီပို့ထားမှာ...ဟိုမှာလဲသူပြောစကားကိုနားထောင်ရမယ်... ကြားလား"
"ဟုတ်ကဲ့...ကြားပါတယ် "
ဖေဖေပြောတာတွေနားထောင်ပြီး အပေါ်ထပ်သို့တက်လာလိုက်သည်...။ခြေလှမ်းတွေလှမ်းရင်းမျက်လုံးဝေဝါးလာသလိုပင်....။
ငါငိုနေတာပဲ...ဘာလို့မျက်ရည်ကျရမှာလဲဟိတ်ကောင်နွေဂန္ဓာဦး..မင်းမပျော့ညံစမ်းနဲ့...။
ကျွန်တော့်နောက်မှာမေမေလိုက်လာမှန်းသိပါသည်။ဒါပေမယ့် ..ကျွန်တော်လှည့်မကြည့်ပဲနေလိုက်သည်..။
"ဟွန်း..မေမေလည်းကြံရာပါပဲ... အားလုံးမကောင်းကြဘူး...ကျွန်တော့်ကိုအိမ်ပေါ်ကနှင်ချကြတယ်.."
"မဟုတ်တာ.. မေ့သားလေးရယ်..မေမေ့ရဲ့သားလေးကိုဘယ်လိုလုပ်နှင်ချရက်ပါ့မလဲ...ခုဟာကသားလေးရှေ့ရေးအတွက်သွားထားမှာလေ..ငါ့သားပဲဆရာဝန်ကြီးဖြစ်ချင်တယ်ဆို..."
"ဟုတ်တော့ဟုတ်တယ်လေမေမေရဲ့...ဒီမှာကြိုးစားရင်လဲရတာပဲကို..."
ဒေါ်မြလေး..သူ့သားလေးနဲ့ခွဲရမှာကိုတွေးပီးတော့..စိတ်ထဲမကောင်းပေမယ့်..သားလေးကောင်းစားဖို့အတွက်ပဲလို့တွေးကာဖြေသိမ့်လိုက်ရသည်...။
YOU ARE READING
He's mine❤️✨ (Completed )
Adventureဆရာ၀န်နဲ့ကျောင်းသားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါနော်🥰