Part 4 (U+Z)

2.6K 39 10
                                    

"ဗျာ"
"ငါးနာရီ... ထရမယ်..ဟုတ်လား "

"ဟုတ်တယ် လေ"

"ပြီးတော့ မနက်ပိုင်းကိုကျောင်းသွားတက်ရမယ်..,နေလည့်ပိုင်းကိုတော့ မင်းအိမ်ကိုပြန်လာရမယ်...​ေအာ်...နောက်ပြီးအိမ်မှာ စာတွေကိုပြန် train ဖို့ Teacher တွေ ငှားထားတယ်"

"မင်းရဲ့ အချိန်စာရင်းက ည10နာရီထိရှိတယ်"

"ဟို..ဆရာ...ကြားထဲမှာရောနားချိန်ရှိလားဟင်...."

"ချာတိတ် ...မင်းကနားချင်သေးတာလား..ဆရာ၀န်လုပ်ချင်တဲ့လူကလေ....ဟမ့်"

နွေဂန္ဓာဦး ဆရာ့ရဲ့ခနဲ့ပြောတဲ့စကားတွေ‌ကို ခေါင်းလေးငုံ့ကာနားထောင်နေရသည်။

"မနားတော့ပါဘူးဆရာ...ကျွန်တော်တစ်နေ့လုံးစာပဲလုပ်ပါမယ်..."

နွေဂန္ဓာဦး ပြောရင်းနဲ့မျက်ရည်တွေအလိုလိုကျလာသည်...။ တစ်ခုခုဆို မျက်ရည်ကျတတ်တဲ့အကျင့်ကြီးကိုမုန်းလိုက်တာ...။

"ဒါလေးပြောတာကို ဘာငိုစရာပါလို့လဲ..ချာတိတ်..ငိုနေတာရပ်ပြီးထမင်းဆက်စားတော့......ကိုယ်ကလေးတွေကိုမချော့တတ်ဘူး..."

နွေဂန္ဓာဦး ထမင်းတွေကိုတစ်လုပ်ပြီးတစ်လုပ်ထိုးသိပ်‌မိနေသည်။..မျက်ရည်တွေက ကျနေတော့ ဘာ‌နဲ့စားနေရမှန်းတောင်မသိတော့...။

ထမင်းဝိုင်းကြီးကတိတ်ဆိတ်နေလိုက်ပုံများ ခုချိန်အပ်ပြုတ်ကျရင်တောင့်အသံကြားရလောက်သည်။

"တီ....တီ...
ဟယ်လို....နေထက် ဘာကိစ္စရှိလို့လဲ..."

"Doctor...ဒီမှာအရေးပေါ်လူနာတစ်‌ယောက်ရောက်နေလို့ မြန်မြန်လာခဲ့ပေးလို့ရမလားဗျ"

"ဟုတ်ပြီ..ဟုတ်ပြီ..ငါခုပဲလာခဲ့တော့မယ်.."

ဆရာထွက်သွားတော့မှ ကြီးကြီးနွယ်ကလာချော့သည်။

"သားလေးရယ်...မင်းဆရာပြောတာတွေကိုစိတ်မကောင်းဖြစ်မနေပါနဲ့ကွယ်...။
သူကကောင်းစေချင်လို့ပြောတာပါ....."

"ဟင့်....ဟုတ်ကဲ့ပါကြီးကြီးနွယ်..."

"လိမ်မာပါတယ်...သားနွေလေးက...."

"ဟို...ကြီးကြီးနွယ်ကိုမေးစရာရှိလို့...။ဆရာကလေ မန္တလေးသားလားဟင်.."

He's mine❤️✨ (Completed )Where stories live. Discover now