Unicode
#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၉)"ဖေဖေ...အဟင့်...ဖေဖေ..."
ခြူးငယ်တစ်ယောက် အဖျားအရှိန်ကြောင့်
အပူကြီးကာ ကယောင်ကတန်း ထယောင်နေရှာသည်။"သမီး သမီးလေး...သက်သာရဲ့လား..."
နဖူးပေါ်တွင်ရေပတ်ဝတ် အဆက်အပြတ်တင်ပေးနေရင်း ဒေါ်ထွေးကြည်မေးနေသည်။
ကိုယ်ကတော့ သိပ်မပူတော့။သို့သော် ခဏခဏယောင်ယောင်ပြီး ထထ ငိုနေသောကြောင့်ဘေးမှာစောင့်ကြည့်နေရသည်။မနက် တစ်နာရီကျော်နေ၍ ဆရာဝန်က ဖုန်းမကိုင်တော့။
ဒီအချိန် ဆေးခန်းသွားရအောင်လည်း
ကားမောင်းနိုင်သူမရှိ။ကိုမောင်သိန်းကလည်း
မှောင်ရင်မြင်ရတော့တာ မဟုတ်ပေ။ သူ့အမေကလည်း လူမှန်းသူမှန်းမသိအောင် သောက်ကာ ငိုက်စိုက်ငိုက်စိုက်နဲ့ အိပ်ခန်းထဲဝင်သွား၍ သွားမနှိုးရဲပေ။သမီးဖြစ်သူကို ဂရုစိုက်ဖို့ နေနေသာ သူ့ကိုယ်သူတောင် ခြေလှမ်းမှန်အောင် အားယူ လျှောက်နေရပုံပေါက်သည်။
မိန်းမဖြစ်ပြီးအရက်သေစာသောက်စားမူးယစ်တာလောက်မုန်းတာမရှိ။
မောင်ဥက္ကာကျော် သည်းမခံနိုင်တာကတွေက
အဲ့ဒါတွေပေါ့ ...။စိတ်ထဲ မကျေနပ်သမျှ အားရပါးရ ပြောချင်နေသော်လည်း အပြင်မှာတော့ သွားမပြောရဲပေ။
ကိုယ်ပါ စက်ကွင်းမလွတ်
ဖြစ်သွားနိုင်သည်မို့ ငြိမ်ငြိမ်လေးနေကာ ကလေးကိုပဲ ပြုစုနေရသည်။"ကြီးထွေး သွားအိပ်ပါလား...သား ကြည့်ပေးမယ်...သွားအိပ် သွားအိပ်"
ရေပတ်ဝတ်တင်ကာ နဖူးမှာကပ်ထားရင်း
ဆတ်ခနဲ ဆတ်ခနဲ အိပ်ငိုက်နေသော
ဒေါ်ထွေးကြည်ကို မင်းညှို့က အိပ်ခိုင်းနေ၏။"ကြီးထွေးမအိပ်ပါဘူး...သားက ကလေး
သား သွားအိပ်ချည်..."ပြောသာပြောရသည်။မျက်လုံးကဖွင့်မရတော့။
မင်းညှို့ကတော့ တစ်ညလုံး ဗြောင်မအိပ်ဘဲ ငုတ်တုတ်ထိုင်ပြီး ထိုင်စောင့်နေသည်မှာ ဘယ်လိုမှ အိပ်ခိုင်းလို့မရ။ကြာတော့ ဒေါ်ထွေးကြည် ဟန်မဆောင်နိုင်တော့။ခဏအိပ်အုန်းမည်
ဆိုကာ ကုတင်ဘေးက ဆိုဖာပေါ်မှာ ခွေခွေလေး သွားအိပ်နေရသည်။
BẠN ĐANG ĐỌC
ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)
Lãng mạnအရာရာ မေ့လို့ ရရင်တောင် အချစ်ဦးကိုတော့ မမေ့အောင် ထားမိမှာပါ။