Part 33

684 21 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၃၃)

ခြူးငယ်ဘဝရဲ့
အသက်ရှူချောင်သောနေ့ရက်များ…
ပေါ့ပါးလန်းဆန်းသော မနက်ခင်းများ…
ပျော်ရွှင်ကြည်နူးရသော နေ့သစ်များပင်။
အလုပ်ကိစ္စနဲ့ အမိမြန်မာပြည်ပြန်သွားသော
ကိုကိုမရှိတာကလွဲရင် ဘဝက အနှစ်သာရပြည့်စုံလှသည်။
ပြုံးတုံ့တုံ့နှင့် ရှက်ကိုးရှက်ကန်းဖြစ်နေသော မိဘနှစ်ပါးကို ကြည့်ရတာ ရိုမန်းတစ်ဆန်တဲ့ အချစ်ဇာတ်ကားတစ်ကား ကြည့်နေရသလိုပင် ကျေနပ်ပီတိဖြစ်ရသည်။

စကားဟက်ဟက်ပက်ပက်မပြောသေးသော်လည်း မျက်ဝန်းလေးတွေနဲ့ စကားပြောနေကြသည်။လူငယ်တွေလည်း မဟုတ်၍ တည်တော့မလို ရယ်တော့မလို
အိုးတိုးအန်းတန်း အပြုအမူလေးတွေက
ချစ်စရာကောင်းသလို ရယ်စရာလည်း ကောင်းလှသည်။
မေမေက ခြူးငယ်ကို ပိုချစ်ပြီး ပိုဂရုစိုက်သည်။
အချစ်ရှိလာ၍ပဲလားမသိ။မေမေ့ အပြုအမူက အရင်ကထက်အဆပေါင်းများစွာ
နူးညံ့သိမ်မွေ့လာ၏။အရင်လိုလည်း လှလှလေး ပြန်နေတတ်လာ၏။

ဖေဖေကိုကြည့်တော့လည်း လူငယ်ပင် အရှုံးပေးရလောက်အောင် ယောက်ယတ်ခတ်နေပြန်သည်။
ရွှေစွန်ညိုဝဲနေသလို ခြူးငယ်နဲ့မေမေအနားကိုလာလိုက် စကားတွေ ရှာကြံ ပြောလိုက်  ဂျာနယ်ဖတ်သယောင် စာအုပ်ဖတ်သယောင်
နဲ့ မေမေ့ကို ခိုးကြည့်လိုက်နဲ့ မတည်ငြိမ်နိုင်။

ခြူးငယ်မှာ သူတို့ကိုကြည့်ပြီး ကြိတ်ရယ်ရသည်မှာ အမောပင်။
တစ်ခါ တစ်ခါမအောင့်အီးနိုင်တော့၍ ကိုကို၊ အန်တီဒါနဲ့ ဦးလေးကြီးဆီ
ဖုန်းဆက်ပြီး ရင်ဖွင့်ကာ ရယ်ရသည်။

"ပျော်နေတယ်ဟုတ်လား…
ကိုယ်ဒီမှာလွမ်းလို့သေတော့မယ်"

ဦးလေးကြီးဆီသို့ ဖုန်းဆက်ရင် ထိုစကားက
အရင်ကြားရသည်။

"လွမ်းလို့သေတဲ့လူမကြားဖူးဘူး…ဦးလေးကြီး ပိုတာတွေ နည်းနည်းလျော့…"

"တပြားမှ မလျော့နိုင်ဘူးကွာ…ခင်ဗျားလေးက အဖေနဲ့အမေကိုကြည့်ပြီးကြည်နူးနေတဲ့အချိန်…
ကျုပ်က တစ်နေ့တစ်နေ့လူနာမျက်နှာတွေပဲ
ကြည့်ရတာ …အမောတစ်စက်မှ မပြေဘူး…"

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Où les histoires vivent. Découvrez maintenant