Part 27

583 18 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၂၇)

ကြွပ်ရွမွေးကြိုင်နေသော ကြက်ပေါင်ကြော်များကို ကြည့်ပြီး အေမီခိုင် အကျေနပ်ကြီးကျေနပ်နေမိသည်။

ဘဝမှာပထမဆုံးအကြိမ်စိတ်လိုလက်ရဟင်းချက်ခြင်းဖြစ်၍ ပိုပြီးကြည်နူးမိသည်။
သမီးအကြိုက်ကြက်ပေါင်ကိုမုန့်နှစ်နဲ့ကြော်ပေးဖို့စိတ်ကူးရမိတာတော့ကြာပါပြီ။သို့သော် အကြင်နာတရားနဲ့သူမနဲ့က ကျင့်သားမရလေတော့စိတ်ထဲမဝံ့မရဲဖြစ်မိသည်

ထို့ကြောင့် သမီးမသိအောင် ဟင်းချက်နည်းစာအုပ်ဝယ်ကာ လေ့လာနေပြီး
သူမရှိတော့မှ အေးဆေးချက်ကြည့်မယ်လို့
အံခဲထားသမျှ ဒီနေ့တော့ အကောင်အထည်ဖော်ဖြစ်ခဲ့သည်။

အရင်တစ်ပတ်က ဒါလီလာပြသည့် စိန်ထည်ကို အေမီခိုင်ကြည့်ကာ စျေးဖြတ်ပေးလိုက်၍
ဒါလီတော်တော်အမြတ်အစွန်းကျန်သည်ပြောကာ ငွေသုံးသိန်းနှင့် စားစရာများ လာဝယ်ပေးထား၏။

လက်ထဲတွင် ငွေလည်းရှိ စိတ်ဆန္ဒလည်းရှိသည့်အတွက် သမီးတို့ အပြင်ထွက်သွားသည်နှင့် ကြိုတင်လုပ်ထားသော စျေးစာရင်းစာရွက်ကိုယူ city mart ကိုသွား လိုအပ်သည်များဝယ် အိမ်ရောက်သည်နှင့် ပြင်ဆင်ရ ချက်ပြုတ်ရနှင့် မောပန်းလှသည်။

ကြက်သားကြော်တယ်ဆိုတာ အမြင်ပန်းနှင့်
စာအုပ်ဖတ်ကြည့်၍သာလွယ်တယ်ထင်ရသော်လည်း တကယ်တမ်းကျ မလွယ်ကူလှ။

တစ်ခါမှ လုပ်လေ့လုပ်ထမရှိသည့် အလုပ်မို့
ပို၍ ကရိကထတော့ နိုင်လွန်းသည်။
ဟင်းချက်နည်းစာအုပ်ကိုင်လိုက် ပြေးလုပ်လိုက်နှင့် သူ့မှာ ဆိုင်းသမားများ ဗုံတီးနေသလိုပင် ပတ်မကြီးလည်း ဒီလက်
ဒိုးပတ်လေးလည်း ဒီလက်နှင့် ချာချာလည်နေရသည်။

ဒါကြောင့် ဒါလီကို အိမ်မလာနဲ့လို့ ပြောထားရသည်။ဒါလီသာရှိရင် သူ့ပုံစံကိုကြည့်ပြီး
အော်ရယ်နေမှာအသေအချာပင်။

သို့သော် နောက်ဆုံးမှာတော့ အဆင်းအနံ့အရသာနှင့် ပြည့်စုံသည့်ကြက်သားကြော် လှလှပပလေးတွေ ချောချောမောမောထွက်လာ၍ တော်သေးသည်။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora