Part 17

615 20 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၁၇)

သွေးသစ်တစ်ယောက်
လေလေးတစ်ချွန်ချွန်နဲ့စတိုင်လ်ကျကျလမ်းလျှောက်လာသည်။သူနှင့်ဂျူတီအတူကျသည့် သူငယ်ချင်းဆရာဝန်က သူ့ကိုပေးနားလိုက်၍
ရွှင်မြူးတက်ကြွလာခြင်းဖြစ်သည်။

အချိန်ကား ည 12 နာရီကျော်ပြီ။
ဒီအချိန်ကြီး အပြေးအလွှားရောက်လာသည့်
အရေးပေါ်လူနာတွေလည်း ရှိသလို နာနာကျင်ကျင် ညည်းညူရင်း မှိန်းမောနေသော
လူနာတွေလည်းရှိသည်။မျက်လုံးဟောက်ပက်နဲ့ အိပ်ရေးပျက်နေသော လူနာစောင့်များ၊
ရရာနေရာလေးမှာ ကြုံသလိုထိုင်ငိုက်နေရသည့် လူနာစောင့်များနှင့်တာဝန်ဆိုတာကြီး ပခုံးပေါ်ထမ်းပြီးမျက်တွင်းကြောင်လေးတွေနှင့်လူနာကြည့်ပေးနေရသည့် သူနာပြုတွေ ဆရာဝန် ဆရာမတွေ အားလုံး အားလုံးကို ကျောခိုင်းပြီးနားနေဆောင်ထဲ ဝင်လာခဲ့သည်။
သူ့အတွက် အချိန်နှစ်နာရီလောက်တော့ ကောင်းကောင်းရသည်မို့ တစ်ရေးတော့ရအောင် အိပ်လို့ရသည်။

နာရီကို alarm ပေးလိုက်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်။
တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေ၏။
တကယ့်တကယ်အိပ်မယ်ဆိုတော့လည်း မျက်လုံးကမအိပ်ချင်တော့။
ကော်ဖီသောက်ထားတာ များ၍ပဲလားမသိ။
မျက်လုံးတွေကြောင်နေ၏။နရံမျက်နှာကျက်ကိုကြည့်ပြီး ဆေးအနံ့တွေရှူရှိုက်ရင်း အိပ်ချင်စိတ်လည်းမရှိတော့ပေ။
ဒီကြားထဲ အိပ်နေရင်း ဟိုနားကဆစ်ဆစ်။
ဒီနားကဆစ်ဆစ်နဲ့ယားသလိုနာသလို စိတ်ကမသန့်ချင်။
သူ့အိပ်ရာမဟုတ်ရင် သူမအိပ်တတ်။
ထို့ကြောင့် နိုက်ဂျူတီဆင်းသည့်နေ့ဆို မအိပ်ဖြစ်တာပဲ ပိုများသည်။

နောက်ညတွေလည်း ဆက်တိုက်ဆင်းရမည်မို့ သူ ဇွတ်မှိတ်အိပ်ဖို့ ကြိုးစားကြည့်သည်။
မရ...။

ကြာတော့ စိတ်ရှုပ်ရှုပ်နှင့်သူကုန်းထကာ
လက်အိတ်ကိုဆွဲဖွင့်လိုက်သည်။ဆရာဝန်တစ်ယောက်၏ လက်ဆွဲအိတ်ထဲတွင် ဆေးသာ မပါရင် နေမည်။သူတန်ဖိုးအထားရဆုံး လက်စွဲတော် ကင်မရာအသေးလေးတော့ အမြဲတမ်းပါသည်။

သူ ကင်မရာလေးကိုပွတ်သပ်ရင်းပြုံးနေမိသည်။
ထိုကင်မရာကို မြင်တိုင်း သူစိတ်ထဲ ကြည်နူးရသည်။ထိုထဲတွင်သူနှစ်သက်ရသည့်
ဓာတ်ပုံတွေအများကြီးရှိသည်။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora