Part 13

644 16 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၁၃)

#ဆယ်နှစ်ခန့်ကြာသောအခါ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဆင်းရဲသားရပ်ကွက်တွင်ဖြစ်သည်။
ကျောင်းဝတ်စုံကို စိတ်မပါတပါ လဲဝတ်ပြီးသည်နှင့် မှန်ကိုလှမ်းကြည့်လိုက်သည်။
မှန်ပေါ်မှာပေါ်နေသည့် သူ့မျက်နှာကို အရင်မကြည့်ခင် သူ့နောက်က တုံးလုံးလှဲအိပ်နေသည့် အမျိုးသမီးတစ်ဦးကို ကြည့်ကာသက်ပြင်းဟင်းခနဲ ချလိုက်မိသည်။

"ဟား"

ထိုအမျိုးသမီးသည် လှဲအိပ်နေရင်းမှ သူမ ကိုယ်ပေါ်က စောင်ကို စိတ်ရှုပ်ထွေးစွာ ဆွဲခွာပြီး ခပ်ဝေးဝေးသို့ပစ်ပေါက်လိုက်သည်။

"အင်း...ဟင်းးးးးဟင်းး "

နောက်ကြမ်းပြင်ပေါ်တွင်လူးလိမ့်ကာ ညည်းညူကာ သူမရင်ဘတ်က အင်္ကျီစကိုလည်း ကျစ်ကျစ်ပါအောင်ဆွဲဆုတ်ထ၏

"ပူလိုက်တာ...အား ဟား"

ရာသီဥတုကြောင့် သူမတို့နေထိုင်ရာ အခန်းလေးသည် နို့ဆီဘူးခွက်လေးအလား
ပူလောင်နေသည်က တစ်ကြောင်း
သောက်ထားသည့် အရက်အရှိန်ကြောင့်ပါ
သူမ ပလူပျံအောင် အော်နေရသည်။

"မေမေ..."

ညည်းညူနေသော မေမေ့ကို လှုပ်နိုးလိုက်တော့ မေမေက ဖျတ်ခနဲ ဖွင့်ပြီး
သူ့ကို ကြောင်တောင်တောင်ကြည့်သည်။

"ဘာလဲ"

ပါးစပ်မှ အရက်နံ့က နှာခေါင်းထဲ ထူမွှန်စွာ
ဝင်လာသည်။

"ရေသောက်လိုက်အုန်းနော်"

သူ ဖန်ခွက်ကို တစ်ဖက်မှ ကိုင်ရင်း
မေမေ့ကိုဆွဲထူမလို လုပ်တော့ မေမေက
သူ့လက်ကို တွန်းဖယ်၏။

"ရတယ်...နင်သွားစရာရှိတာသွား..."

"သမီးသွားလို့အဆင်ပြေပါ့မလား...မေမေဆေးခန်းသွားပြမလား"

"ရတယ်လို့ပြောနေတယ်လေ ...စကားမရှည်နဲ့ သွားတော့ "

မေမေက သူ့ကို စိတ်ဆိုးမာန်ဆိုးထအော်ပြီး ကျောခိုင်းကာပြန်လှဲအိပ်နေသည်။
ညည်းညူသံ မကြားရတော့။
တမင်တကာ မျိုသိပ်ထားတာလည်း ဖြစ်နိုင်သည်။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Opowieści tętniące życiem. Odkryj je teraz