Part 43

579 17 1
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၄၃)

မင်းညှို့ သတိရလာသည့်အချိန်မှာ ဆေးရုံသို့ ရောက်နေ၏။စိတ်ပူစွာ ဝိုင်းကြည့်နေသော လူတွေထဲ ခြူးငယ် မပါ၍ စိတ်သက်သာရာ ရမိသည်။

"သတိရပြီလား မင်းညှို့...ဘယ်လိုနေသေးလဲ"

ကျော့က သူ့လက်ကို ဆုပ်ကိုင်ပြီး စိုးရိမ်ပူပန်စွာမေး၏။

"သက်သာပါတယ်..."

ကျော့ကို ဖြေပြီး ဦးလေးကို လှည့်ကြည့်တော့ ဦးလေးက မျက်ရည်အဝိုင်းသားနဲ့ သူ့ကိုကြည့်နေ၏။

"ဘယ်လိုဖြစ်ရတာလဲ သားရာ...မင်းကွာ...
အဲ့လောက်ဖြစ်နေတာတောင်"

ဦးလေး၏ မချင့်မရဲစကားက ရင်ထဲ စူးခနဲဖြစ်သွား၏။ကျော့က လှမ်းကြည့်တော့
ကျော့က သူပြောပြီးပြီဆိုသည့် မျက်နှာရိပ် မျက်နှာကဲကို ပြ၏။

"ဘာလို့မင်းမှာမှ ဖြစ်ရတာလဲကွာ... ရက်စက်တယ်ကွာ"

"ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေ ဖိခိုင်းလိုက်လို့နေမှာ...ဦးလေး အသုံးမကျတာပါ...ကလေးနဲ့မလိုက်အောင် အလုပ်တွေ ခိုင်းခဲ့မိလို့...ငါ့သား ဒီလိုဖြစ်ရတာ"

စကားတွေ တုန်တုန်ရီရီ ဆိုပြီး ရှိုက်ငိုနေသော ဦးလေးပခုံးကို ဆုပ်ကိုင်ပြီး
မင်းညှို့လည်း မျက်ရည်ကျနေမိသည်။

"အဲ့လိုမပြောပါနဲ့...
ဦးလေးနဲ့မဆိုင်ပါဘူး...ကျွန်တော့်ကံကိုက
ဒီလိုပါလာလို့ပါ...ဦးလေးက ကျွန်တော့်ကို တာဝန်ကျေပြီးသားပါ..."

"သားရာ... အစကတည်းက ပြောရမှာ...
ဘာလို့ တစ်ယောက်တည်း
ဝေဒနာကြိတ် ခံစားနေရတာလဲ..."

"ခြူးလေးကို မသိစေချင်လို့ပါ...ခြူးလေး မသိသေးဘူးမဟုတ်လား ဦးလေး"

သူ့အမေးကို ဦးလေးက ခေါင်းယမ်းကာဖြေမှ သက်ပြင်း ဟင်းဆိုချနိုင်တော့သည်။

"မင်းဘာပြောလိုက်လို့လဲ မသိဘူး...ငိုလိုက်တာကွာ...ချော့လို့လဲ
မရဘူး...သောင်းကျန်းတာလဲ လွန်ရော...
ခုနမှ အိပ်သွားတယ်လို့ မင်းအန်တီဖုန်း
ဆက်တာ...မင်းအန်တီလည်း တော်တော်
စိတ်မကောင်းဖြစ်နေတယ်..."

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Tempat cerita menjadi hidup. Temukan sekarang