Part 38

484 13 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၃၈)

"ကိုကို..."

"ကိုကိုရေ...ခြူးလေး ပြန်လာပြီ"

ခြုးငယ်ကားပေါ်ကပြေးဆင်းပြီး အိမ်ထဲသို့တစ်ချိုးတည်း ပြေးဝင်လာခဲ့သည်။
လက်ထဲမှ ပစ္စည်းတစ်ချို့နှင့်အိတ်ကို ဧည့်ခန်းစားပွဲမှာ ကပျာကယာ ပစ်ချထားခဲ့ပြီး ကိုကို့အခန်းထဲကို အမောတကော ဖွင့်ကြည့်လိုက်သည်။

"ကိုကို..."

အခန်းထဲတွင် ကိုကို့ကို မတွေ့။
ရေချိုးခန်းထဲမှာလည်းမရှိ။ဝရန်တာဘက် ပြေးရှာလည်းမတွေ့။
ဖုန်းဆက်ကြည့်တော့ ဖုန်းက ဧည့်ခန်းစားပွဲပေါ်မှာ ထမြည်နေ၏။

"ဟင် ဖုန်းက ဒီမှာ...ဒါဆို အပြင်သွားတာ မဖြစ်နိုင်ဘူး...ကိုကို..."

အောက်ထပ်သို့ တဝုန်းဝုန်းပြေးဆင်းကာ ရှာပြန်သည်။

"ကိုကိုရေ..."

"ဟဲ့ သမီး...သမီး ကိုကိုက ကျော့တို့အိမ်သွားတယ်လေ..."

ယောက်ယတ်ခတ်အောင် ရှာနေသည့် ခြူးငယ် ဖေဖေစကားကြောင့် ကိုယ်ရှိန်သတ်သွားပြီး ခြေကုန်လက်ပမ်းကျသွားမိသည်။

"ဟင်...ဟုတ်လို့လား ဖုန်းလည်းမယူသွားဘူး"

"ဟားဟား ...ဒါတော့ သမီးကိုကို ...
ဟိုကခေါ်တာနဲ့ ပျာယာခတ်ပြီး ထွက်သွားတာနေမှာပေါ့...အဲ့ဒါပဲကြည့်တော့...
ပြောတော့ မဟုတ်ဘူးလေး ဘာလေးနဲ့..."

"ဘာကိုမဟုတ်တာလဲ ဖေဖေ"

"ကျော့နဲ့ကိုလေ ...မိဘတွေ ပေးစားမယ်ဆိုတော့ ငြင်းနေကြတာ...
ဘယ်တော့မှ မနေနိုင်မထိုင်နိုင် ထယူကြမလဲ မသိဘူး...သူတို့နှစ်ယောက်သံယောဇဉ်ကို ဖေဖေ ကောင်းကောင်းသိတာပေါ့...ကျော့က မင်းညှို့အပေါ်တော်တော်သံယောဇဉ်ရှိရှာတာပါ
ငါ့သားကတော့ကွာ...
မိန်းကလေးဘက်က သေချာနေတာတောင် ဘာတွေတွေဝေနေလဲ မသိဘူး"

ဖေဖေက ခြူးငယ်ကိုပြောပြနေသည်လား။
သူဘာသူ တစ်ကိုယ်တည်း
ရေရွှတ်ပြီး ပြောဆိုနေသည်လား ခြူးငယ်မသိ။
ခြူးငယ် ဘာစကားမှနားမထောင်တော့ဘဲ လှေကားအတိုင်းဖြေးဖြေးချင်းပြန်တက်လာခဲ့သည်။တစ်ကိုယ်လုံးမှာ ရှိသည့် အားတွေ စုတ်ယူခံရသလို နုံးချိပျော့ခွေသွားသည်မို့ လှေကားပေါ် လှမ်းတက်ဖို့တောင် အတော်အားယူနေရ၏။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Tempat cerita menjadi hidup. Temukan sekarang