Part 32

667 23 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၃၂)

ဆေးရုံက ဆင်းရင် သမီးဘယ်သူနဲ့လိုက်နေမလဲ။ ထိုအတွေးနဲ့ ဦးဥက္ကာကျော် စိတ်တွေ ရှုပ်ထွေးနေမိသည်။
သူက သမီးနဲ့မခွဲဘူး…
သမီးက အေမီခိုင်ကို မခွဲနိုင်ဘူး…
ဒါဆို သူက အေမီခိုင်ကို…………။
အတွေးကို ထိုအနားမှာတင် ရပ်တန့်ထားခဲ့တာ
အကြိမ်ပေါင်းမနည်းတော့။
ဒီအရွယ်မှာ ဘာကိုမှ အငြိုးအတေးနဲ့
မမှတ်ထားလိုတော့သလို ဘာကိုမှလည်း
ရစ်ပတ်နှောင်တွယ်လိုတဲ့စိတ်မရှိတော့ပါ။
အဟောင်းဆိုလည်း  ဟောင်းပါစေတော့။
အဟောင်းတွေ အသစ်ဖြစ်အောင်
အသစ်တွေ သစ်သထက်သစ်အောင်
ဒီအရွယ်မှာ စိတ်ရှည်စွာ မပျိုးထောင်ချင်တော့ပါ။
သို့သော်……

"ကျွန်မနဲ့ စကားခဏပြောရအောင်"

အတွေးများနေ၍ အေမီခိုင်အနားရောက်လာသည်ကိုမသိလိုက်ရ။
သူလည်း အေမီခိုင်နဲ့ စကားပြောဖို့ စဉ်းစားနေသည်မို့ အဆင်သင့်စွာပင် သူမနှင့်အတူ ဆေးရုံနှင့် နီးစပ်ရာ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်ဖို့ လိုက်လာခဲ့သည်။

သူ့ဘဝမှာ အေမီခိုင်နှင့် မျက်နှာချင်းဆိုင် ဆိုင်ထိုင်ဖူးတာ ဒါ ပထမဆုံးဖြစ်သည်။
ဆယ်စုနှစ် တစ်ခုနီးပါးပေါင်းသင်းခဲ့သော်လည်း တစ်ခါမှ အေးဆေးစကားပြောခဲ့သည် မရှိခဲ့။
အခု ပြောမယ်ဆိုတော့လည်း ဘယ်ကစပြောရမှန်းမသိ။
ကော်ဖီတစ်ခွက်စီမှာထားသော်လည်း မသောက်ဖြစ်ကြဘဲ  တိတ်တဆိတ်ထိုင်နေကြသည်။

ဒီနေ့ ဘန်ကောက်မြို့ရာသီဥတုသည် မပူလွန်း မအေးလွန်း နေလို့ကောင်းနေ၏။ဦးဥက္ကာကျော် မှန်အပြင်ဘက်ကို ငေးကြည့်နေရင်း တိတ်ဆိတ်နေသော သူမဘက်ကို ငဲ့ကြည့်တော့သူမက အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီခွက်လေးကို အဓိပ္ပာယ်မဲ့ ငေးစိုက်ကြည့်နေ၏။
အရင်အချိန်ဆို စိတ်မရှည်၍ ထပြန်တာပဲဖြစ်ဖြစ် အော်တာပဲဖြစ်ဖြစ်
တစ်ခုခု လုပ်မိမှာပင်။

အခုတော့ သူမဘာပြောချင်လို့ အခုလိုတွေးနေပါလဲဟု စဉ်းစားမိသည်။နောက် ထိုသို့ မျက်လွှာချကာ ထိုင်နေသည့် သူမပုံစံကိုပဲ ပန်းချီတစ်ချပ်လိုပဲ စိတ်ပါဝင်စားစွာ ငေးစိုက်ကြည့်နေမိသည်။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora