Part 21

541 14 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၂၁)

အိမ်ကိုရောက်သည်နှင့် မင်းညှို့ အမြဲတမ်းဝင်ကြည့်ရသည့် အခန်းလေးရှိသည်။
ထိုအခန်းသည် အမြဲတံခါးပိတ်ထားလေ့ရှိသည်။
တံခါးဂျက်ချထားရင် သူ…ဒီအတိုင်းလှည့်ပြန်သွားပြီး ဂျက်မချထားရင်တော့ ထိုအခန်းထဲ အမြဲဝင်ကြည့်ဖြစ်သည်။

အခုလည်း တံခါးကိုဖွင့်ကြည့်လိုက်တော့ ဂျက်မချထားသဖြင့် တံခါးခေါက်ပြီး
အခန်းထဲ ဝင်လာခဲ့သည်။

ထိုအခန်းထဲတွင်ပန်းချီကားချပ်များလက်ညှိုးထိုးမလွဲနေရာအနှံ့ရှိသည်။တစ်ချို့ပန်းချီကားများက နံရံပေါ်မှာ ခန့်ခန့်ညားညား။တစ်ချို့က အခန်းရဲ့ထောင့်မှာ ထောင်လျက် အနေထား။
နောက် ပိတ်ဖြူအုပ်ထားသည့် ပန်းချီကားများ။
standပေါ်မှဆွဲလက်စပန်းချီကားများစွာရှိနေသောထိုအခန်းသည် ဆေးရောင်စုံများနှင့် ရောပြွန်းတောက်ပလို့နေသည်။

ထိုရောင်စုံပန်းချီကားချပ်များကြားတွင် အတွေးများစွာနှင့်လွင့်မျော ငေးငိုင်နေသော
လူတစ်ဦးလည်းရှိနေ၏။
သူအခန်းထဲရောက်သွားတော့…ထိုလူက နံရံကပ်ပန်းချီကားတစ်ချပ်ရှေ့တွင် ကျောက်ရုပ်ပမာရပ်ကြည့်နေပြီး တစ်စုံတစ်ရာကို နက်နက်နဲနဲတွေးနေပုံပင်။
ထိုလူသည်တခြားလူမဟုတ်။ဦးဥက္ကာကျော်ပဲဖြစ်သည်။သူ့ရဲ့ လူမှုရေးစီးပွားရေးကိစ္စမှန်သမျှကို တူသားတပည့်လို အားကိုးနေရပြီဖြစ်သော
မင်းညှို့ထံ ဝကွက်အပ်ပြီးသည့် သူ့တစ်နေ့တာကို ဒီအခန်းလေးမှာပဲ ဖြတ်သန်းလာခဲ့သည်မှာ လပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

မင်းညှို့…ဦးဥက္ကာကျော်နံဘေးတွင်ဝင်ရပ်ပြီး
ပန်းချီကားကိုမော့ကြည့်လိုက်သည်။
ထိုပန်းချီကားသည်ပန်းရောင်ဂါဝန်လေး
ဝတ်ဆင်ကာမြက်ခင်းပေါ်ပြေးလွှားပျော်ရွှင်နေသည့် ကလေးမလေးတစ်ယောက်ပုံကို ဆွဲထား၏။

"ဒီပုံက သမီးနဲ့တူတယ်လို့ မင်းထင်လား"

"ဟုတ်…တူပါတယ်…ဦးလေး"

မင်းညှို့အဖြေအဆုံးမှာ ဦးဥက္ကာကျော်က ခေါင်းကို ဖြေးဖြေးလေးခါ၏။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Where stories live. Discover now