Unicode
#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၂၃)"ဟေ့…"
အသံကြားရာ လှည့်ကြည့်လိုက် ပြေးလိုက်နဲ့
ခြူးငယ် တော်တော်မောဟိုက်နေ၏။
ဆက်မပြေးနိုင်လောက်အောင် ခြေထောက်တွေ တဖြည်းဖြည်း ညွတ်ခွေလာသည်။သို့သော်လည်း မောဟိုက်နေသည့် ရင်အစုံကိုဖိကာ အားယူဆက်ပြေးနေသည်။
နောက်ကထပ်ချပ်မခွာလိုက်လာသည့် လူနဲ့က အလွန့်အလွန်နီးကပ်လာပြီမို့ ရပ်လိုက်လို့မဖြစ်။
ထိုလူဘယ်သူလဲ ခြူးငယ်မသိ။
ဘာကြောင့်ပြေးနေမှန်းလည်း မသိ။
ပိုဆိုးတာက ဘယ်နေရာရောက်နေပြီလဲ ခြူးငယ်လည်းမသိတော့။
ခြူးငယ်သိတာ ခြူးငယ် သူ့ကိုကြောက်သည်။
သူနဲ့မတွေ့ချင်။သူကလည်း ခြူးငယ်ကို ဒေါသထွက်နေသည်ဟု ခြူးငယ်စိတ်ထဲ အလိုလို ထင်နေမိသည်။ပြေးရင်း ပြေးရင်း တစစမှောင်မှောင်လာသည်။
ဒါ…ဘယ်နေရာလဲ…
ဘန်ကောက်လား…ရန်ကုန်လား…။နောက်ကလိုက်လာသည့်လူလည်း မတွေ့ရတော့သည့်အခါ ပြေးနေရာက ရပ်လိုက်ပြီး ဘေးဘီဝဲယာကြည့်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေ၏။ခြူးငယ်အခု ရောက်နေသည့်နေရာက လမ်းမတစ်နေရာဖြစ်ပြီး လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တမြီးတောင် မတွေ့ရသည့်အခါ အားငယ်စိတ်နဲ့ ဝမ်းနည်းစိတ်ပါ ရောပြီး ငိုချင်လာသည်။"ဟီးးး မေမေ"
"ဖေဖေရေ…"
ခြူးငယ်အသားကုန်အော်လည်း ဘယ်သူမှ ထွက်မလာကြ။ထိုအချိန် ရှေ့မသဲမကွဲ အမှောင်ထဲမှတစ်စုံတစ်ယောက်လာနေသည်ကို သတိထားမိလိုက်သည်။
ခြူးငယ် မျက်ရည်တွေသုတ်ကာ ထိုပုံရိပ်ကို
သေချာကြည့်နေမိသည်။
သေချာသည်…လူတစ်ယောက် ခြူးငယ်ဆီ လျှောက်လာ၏။တစစ သဲကွဲလာသည့် ပုံရိပ်က ဆယ့်သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်နေသည့်အခါ…"ကိုကို"
ခြူးငယ် ဝမ်းသာအားရ အော်ကာ ပြေးသွားသည်။
"ညီမလေး"
ကိုကိုကလည်း ခြူးငယ်ဆီ ပြေးလာနေ၏။
အနားကိုရောက်တော့ ကိုကိုက ဆယ့်သုံးနှစ်သားအရွယ် မဟုတ်တော့။
စူးရှတဲ့မျက်ဝန်းအစုံနဲ့ ကြည့်နေတဲ့လူတစ်ယောက်။
YOU ARE READING
ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)
Romanceအရာရာ မေ့လို့ ရရင်တောင် အချစ်ဦးကိုတော့ မမေ့အောင် ထားမိမှာပါ။