Unicode
#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၂၉)ခြူးငယ်ပြန်လာမည်ဆိုကာ စောစောစီးစီးလာပြီး ချက်ပြုတ်နေသည့် ဒါလီကို အေမီခိုင် ဘာမှလည်း ဝိုင်းမကူ
စကားလည်း ခပ်ဟဟပင်မပြောဘဲ ဧည့်ခန်းထဲတွင် ငြိမ်သက်စွာ ထိုင်ကြည့်နေမိသည်။"ဟဲ့…ကြက်ကြော်တွေ အများကြီးပါပဲလား…
စားလဲမစားဘဲနဲ့နှမြောစရာ…
ကောင်းတောင်ကောင်းသေးရဲ့လား မသိဘူး"ဒါလီက ကြက်ကြော်ပန်းကန်ကို သူ့ရှေ့တွင်
ချရင်း ဆို၏။"ဟယ်မှိုတွေတက်ကုန်ပြီ…နှမြောစရာကောင်းလိုက်တာ…ဒါတွေ နင်ကြော်ထားတာလား"
"မဟုတ်ဘူး…"
အေမီခိုင် ကြက်ကြော်ပန်းကန်ကို အေးတိအေးစက်စိုက်ကြည့်ကာ တုံးတိဖြေလိုက်မိသည်။ရင်ထဲတွင် နှမြောတသစိတ်လား…
နာကျင်စူးရှတဲ့ ခံစားမှုလား ဘယ်အရာကို ခေါင်းစဉ်တပ်ရမလဲ မသိအောင် ခံစားချက်တွေ ရောပြွန်းထူအမ်းလို့နေသည်။"အေမီရယ်…ဒါက ဘာပုံဖြစ်နေတာလဲ… ကလေးက ပြန်လာတော့မဲ့ ဟာကို
ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ"သူ…ခေါင်းကို ဖြေးညှင်းစွာ ခါနေမိသည်။
ရှည်လျားလွန်းသည့် အတွေးကို ဖြတ်ကာ ဒါလီကိုကြည့်တော့ ဒါလီကလည်း သူပြောမည့် စကားများကို နားစွင့်နေသည့်ပုံပင်။"ငါ စဉ်းစားပြီးပြီ…ဒါလီ…
အခုချိန်ကဆုံးဖြတ်ချက်ချလို့အကောင်းဆုံး
အချိန်ပဲ… ဒီရှုပ်ထွေးလွန်းတဲ့ဇာတ်လမ်းကြီးကို ငါ…အဆုံးသတ်ချင်နေပြီ""ဘယ်လို"
ပြောပြောဆိုဆို အေမီခိုင်က ထိုင်ရာမှထကာ
အိပ်ခန်းထဲသို့ ဝင်သွား၏။
ပြီးနောက် ဗီဒိုထဲမှ ခရီးဆောင်အိတ်ကို ဆွဲထုတ်ကာ အဝတ်အစားအဝတ်အစားတွေ တစ်ထည်ပြီးတစ်ထည်
မြန်မြန်ဆန်ဆန်ပစ်ထည့်လို့နေ၏။"ဟဲ့…ချက်ချင်းကြီး…ဒါ ဘာလုပ်တာလဲ"
"ငါ ဆုံးဖြတ်လိုက်ပြီ…
သံယောဇဉ်တွေဖြတ်လိုက်တာပဲကောင်းတယ် ခြူးငယ်မလာခင် ငါ ထွက်သွားတော့မယ်"
YOU ARE READING
ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)
Romanceအရာရာ မေ့လို့ ရရင်တောင် အချစ်ဦးကိုတော့ မမေ့အောင် ထားမိမှာပါ။