Part 46 ( The end)

3.4K 58 12
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၄၆)
(ဇာတ်သိမ်းပိုင်း)

"ခြူးလေး ကိုကို့ကို ပြောစရာရှိတယ်...
ခြူးလေး ကိုကိုနဲ့ပဲ နေမယ်..."
ကိုကို...ကိုကို"

"မငိုပါနဲ့...ကိုကို ရှိပါတယ်...ကိုကို ဒီမှာ ရှိပါတယ် ညီမလေးရဲ့..."

မင်းညှို့ သူ့ရင်ဘတ်ကို အဆက်မပြတ်ပုတ်ကာ ငိုပြီး ပြောနေမိသည်။သူ ငိုသံတွေ ဘယ်သူမှမကြား။
ခြူးငယ်ကိုလက်ဆွဲပြီးသူ့ဘက်လှည့်စေချင်သည်။သို့သော် သူ...ဘာကိုမှ
ထိတွေ့ကိုင်တွယ်လို့မရတော့ပေ။
သူ့ဝိညာဉ်မရှိတော့သည့် ခန္ဓာကိုယ်ကြီးကို ခြူးငယ် ပွေ့ဖက်ကာ ငိုနေလည်း သူဘာအထိအတွေ့မှ မခံစားရ။
သို့သော် ခြူးငယ် မျက်ရည်တွေက သူ့ရင်ဘတ်ပေါ် ရွှဲစိုနေမှန်း သူခံစားရသည်။
ထိုမျက်ရည်တွေက သူ့အတွက် ပူလောင်လွန်းသည်။ငရဲဆိုတဲ့အရာက ခြူးငယ်မျက်ရည်တွေလောက်ပူလောင်ပါ့မလားသူ အခု ကျွမ်းမြိုက်ခံသလိုပင်ပူလောင်နေရ၏။

"ဒါကြောင့် ကိုကို မသိစေချင်တာ...ညီမလေးကို အဲ့လို ငိုမှာ
ကိုကို သိပ်ကြောက်တာ...မငိုပါနဲ့...
ကိုကို့ရင်တွေ ပူလို့ မငိုပါနဲ့ ခြူးလေးရာ"

အနားသို့ကပ်ကာ တတွတ်တွတ် တောင်းပန်နေမိသည်။ခြူးငယ်က မကြား။
ယူကြုံးမရ ဖြစ်နေသည့် ခြူးငယ်ကို ကြည့်ပြီး သနားလွန်းလို့ ဘယ်လိုလုပ်ရမှန်းပေးရမလဲ မသိတော့။

အားလုံးက ခြူးငယ်ကို ဆွဲခေါ်ကြသည်။
သူလည်း ထွက်သွားဖို့ ပြောနေမိသည်။
ခြူးငယ်က မလိုက်သည့်အပြင် ခြေကန်ပြီး ရုန်းနေ၏။

"ညီမလေးကို ခေါ်သွားပါ...ခေါ်သွားကြပါဗျာ...
ကျွန်တော့်ကိုကြိုက်တဲ့ အပြစ်ပေးပါ...
သူငိုတဲ့ပုံတော့ မမြင်ပါရစေနဲ့...အီ ဟီးး"

ဘာမှလုပ်မပေးနိုင်တဲ့အဆုံး အော်ငိုမိသည်။

"လိုက်သွားပါ...ကျေးဇူးပြုပြီး လိုက်သွားပါ...
ကိုကိုစကားနားထောင်ပါ ညီမလေးရယ်
အဲ့လောက်ငိုရင် ရောဂါပြန်ထလိမ့်မယ်...ကိုကို ညီမလေးကို ကျန်းမာစေချင်တယ်...
ကိုကို ပြောတာကြားလား... "

You've reached the end of published parts.

⏰ Last updated: Oct 07, 2023 ⏰

Add this story to your Library to get notified about new parts!

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Where stories live. Discover now