Part 3

1.1K 29 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၃)

"ကလေး မွေးစားရအောင် နင်တို့က ဘာတွေများ ချို့ယွင်းချက်ရှိနေကြလို့လဲ… ငါ့ကိုပြောကြစမ်းပါအုန်း"

မျက်မှန်ထူထူကိုအောက်က ဒေါသအပြည့်နဲ့
မျက်ဝန်းတွေနှင့်စိုက်ကြည့်ကာ ပြောနေသော ဒေါ်မြသွေးရဲ့ရှေ့မှာ
သူတို့နှစ်ယောက်လုံး ကျောက်ရုပ်လို ထိုင်နေကြသည်။

"ဟဲ့ ငါ မေးနေတာ ဖြေလေ"

ဥက္ကာကျော် ဘာဖြေလို့ ဖြေရမှန်းမသိ။
အခုလောလောဆယ် သူက မိန်းမနှစ်ယောက်
ဟန်ချက်ညီညီ ကြိုးဆွဲရာကနေရသည့် အရုပ်တစ်ရုပ်လိုပဲ ခံစားနေရသည်။
ဥာဏ်နီဥာဏ်နက်များလွန်းတဲ့ အေမီခိုင်…ဘယ်လိုဆင်ခြေပေးမလဲ သိလိုစိတ်နဲ့ပဲနားစိုက်ထောင်နေမိသည်။

"ချို့ယွင်းချက်ရှိလို့ရယ်တော့ မဟုတ်ဘူးပေါ့
မာမီရယ်…လောလောဆယ်မရနိုင်သေးတော့"

အေမီခိုင်စကားတွေ မဆုံးလိုက်။

"အခုမရနိုင်သေးလည်း နောက်ရမှာပေါ့…
ညည်းက အလှမက်နေတာနဲ့ ကလေးမမွေးချင်လို့ ဒီလိုလုပ်လိုက်တာ မဟုတ်လား"

ခံပြင်းမှုများစွာနဲ့ ဒေါသထောင်းခနဲထွက်လို့သွားသည်။
စကားပြောပုံကိုက တစ်ဖက်စောင်းနင်း။
ကလေးမွေးတာ ကျွန်မတစ်ယောက်တည်း စိတ်ဆန္ဒနဲ့ မွေးချင်လို့ရပါ့မလား…။

ဥမဥဘဲ ဘယ်လိုလုပ်အကောင်ပေါက်မလဲ…
သူ့သားက ကျွန်မကို မိန်းမလို့ ဘယ်နှခါမှန်း
သတ်မှတ်ဖူးလို့လဲ…။ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းရုံပဲ ရှိမည်။
သို့သော် မပြောလို့လည်းမရ။

"ကလေးမွေးတာ အေမီတစ်ယောက်တည်း
မွေးလို့မရဘူး မာမီ…မာမီသားကလည်း လိုချင်အုန်းမှလေ…မာမီသားက ကလေးမွေးဖို့
နေနေသာ မိန်းမတောင် ဂရုစိုက်တာ မဟုတ်ဘူး"

"ဟုတ်လား ဥက္ကာကျော်…နင်က မိန်းမတောင်
ဂရုမစိုက်နိုင်အောင် ဘာတွေများလုပ်နေလို့လဲ"

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Opowieści tętniące życiem. Odkryj je teraz