Part 6

858 29 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၆)

ချိတ်ပိတ်ထားသည့်စာက္ကူအိတ်နှစ်ခုကိုရှေ့မှာချထားရင်း ဒေါ်မြသွေးစိတ်ထဲချီတုံချတုံဖြစ်နေမိသည်။ဒီစာအိတ်ထဲက စာရွက်စာတမ်းတွေမှာ သူသိချင်တဲ့အကြောင်းအရာတွေရှိနေသည်။

စက္ကူအိတ်တွေပေါ်မှာ 1 နှင့် 2 ဆိုပြီး နံပါတ်စဉ်တပ်ထား၏။
ဆရာဝန်ကို စစ်ရန်ပေးကတည်းက နံပါတ်တပ်ပြီး သေချာပေးခဲ့ခြင်းပင်။

1 ဆိုသည့် စာအိတ်မှာ အေမီခိုင်နဲ့ ခြူးငယ် ရဲ့ သွေးသားတော်စပ်မှု စစ်တမ်း။
နောက်တစ်ခုက သူ့သားဥက္ကာကျော်နဲ့…ခြူးငယ်လေးနဲ့…။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်ခဲ့သော်လည်း တကယ်တော့ ဒါဟာ ရူးသွပ်မှုသက်သက်ပါ။

ပထမဆုံး အေမီခိုင်ရဲ့မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။
အဖြေက လုံးဝမတူ။
စိတ်သက်သာစွာ သက်ပြင်းကို ဟင်းခနဲချလိုက်သည်။

ငါကတကယ့်အရူးပဲ…ဒီကလေးက
အေမီခိုင်ကလေးဘယ်လိုလုပ်ဖြစ်နိုင်မလဲ…ကလေးတစ်ယောက်ကိုပုန်းလျှိုးကွယ်လျှိုးမွေးဖို့ဆိုတာလွယ်ပါ့မလား။

နင့်ချွေးမက ခေတ်ဆန်ဆန်နေတတ်ပေမဲ့
အကျင့်စရိတ္တ ပျက်သူမဟုတ်မှန်း သိရက်နဲ့…မြသွေးရယ် နင်လည်း ကြောင်တောင်တောင် အဖွားကြီးပဲအေ…"

တစ်ယောက်တည်း ပြောရင်းရယ်နေမိသည်။
စိတ်ထဲလည်း ချွေးမဖြစ်သူကို အားနာသွားမိသည်။
သိရင် ဘယ်လောက်စိတ်တိုလိမ့်မလဲ။
စာအိတ်ကို တစ်ခါတည်း အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
နောက်တစ်အိတ်က ကြည့်ရန်တောင်မလို။

ချွေးမတောင်ယုံသေးတာပဲ။
သားကို ဘာမယုံစရာ ရှိလဲ။
အပိုတွေ အပိုတွေ…။

စိတ်ကို တိခနဲဆုံးဖြတ်ချက် ချကာ စာအိတ်နှစ်အိတ်စလုံး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။

"ရလား…အန်တီ…ကျွန်တော် ဘာကူညီပေးရမလဲ"

ခြူးငယ်လေးအခန်းထဲထွက်လာသည့် ဆရာဝန်က ဒေါ်မြသွေးကို တွေ့သည်နှင့် မေးသည်။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Opowieści tętniące życiem. Odkryj je teraz