Unicode
#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၁၁)"သားတို့ ညီမလေးနဲ့အတူနေလို့မရဘူးလား
ဘဘ…ညီမလေးက ဘယ်ကိုသွားမှာလဲ…
သား …သား ညီမလေးနဲ့မခွဲနိုင်ဘူး ဘဘရယ်…"ပြောင်းရွေ့ရန်အသင့် ပြင်ဆင်ထားသော အထုတ်တွေရဲ့အလယ်မှာ မင်းညှို့ ရှိုက်ကြီးတငင် ငိုနေသည်။
ဘဘကတော့ ဖျာကြမ်းပေါ်မှာ နဖူးပေါ်လက်တင်ကာ လှဲအိပ်ပြီး သူပြောသမျှ အံကြိတ်နားထောင်နေ၏။
"ဘဘ…တစ်ခုခုတော့ ပြောပါအုန်းဗျာ…
သားက ဒီအတိုင်းကြီး ညီမလေးကို ထားခဲ့ရမှာလား…ဟီးးး သားမထားခဲ့နိုင်ဘူး
ညီမလေးက အရမ်းသနားစရာကောင်းတာ""ခက်တော့တာပဲကွာ…အခုဟာက သူဘယ်ကို
သွားမလဲ ဆိုတာထက် ငါတို့ဘယ်မှာနေမလဲ
စဉ်းစားရမှာ…ရွာကိုလည်း မပြန်ချင်ဘူး…
ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူးကွာ""ဘဘကို…သားရှာကျွေးပါ့မယ်…သားရတဲ့အလုပ်ကို လုပ်ပါ့မယ်…ညီမလေးကို
သားတို့ခေါ်ထားကြမယ်လေ…
သား ညီမလေးကို မထားခဲ့နိုင်ဘူး…
သူ့အမေက အခုတောင်သူ့ကိုရိုက်နေတာ
ညီမလေးက ရောဂါအခံရှိတယ်…သူ တစ်ခုခုဖြစ်သွားလိမ့်မယ်…ဘဘရဲ့""ကျွတ်…မင်းနှယ့်တော့ကွာ…
ပြောရဆိုရခက်တာပဲ…
ငါတို့က နေရာအတည်မကျမရှိတဲ့ ကျရာ ကုတ်တွယ်နေရတဲ့ မြက်ပင်တွေ… အနင်းခံရမယ် အနှုတ်ခံရမယ်…
ကိုယ့်ဘဝကိုယ်နားလည်စမ်းပါကွာ…
သံယောဇဉ်ရှိတာတော့ ရှိတာပေါ့…ဒါပေမဲ့ အဲ့ဒီကလေးမက သူ့အမေနဲ့နေမှ ရောဂါလည်းကုနိုင်ပြီးသက်တောင့်သက်သာ နေရမှာ…တို့နဲ့ ဘယ်လိုလုပ် နေနိုင်မှာလဲ…
သဇင်ပန်းကိုမြေမှာမစိုက်ချင်စမ်းပါနဲ့…
သားရယ် ဘဘတို့နဲ့မဖြစ်နိုင်ပါဘူး "မင်းညှို့တိုင်ကိုဖက်ကာ ဝမ်းနည်းပက်လက် ဖြစ်နေမိသည်။
ဘဘကတော့ သူ့ကို ချော့မော့ကာ အိပ်ခိုင်းနေသည်။သူမအိပ်ချင်ပါဘူး…။
မနက်တွေရောက်မှာတောင်ကြောက်မိသည်။
ဒီအတိုင်းဆို သိပ်ကြာခင်မှာ ဒီနေရာက ထွက်သွားရတော့မည်။
သူနဲ့ညီမလေး ခွဲရတော့မဲ့အတွေးက သူ့ရင်ထဲကို ကျွမ်းမြိုက်လို့နေ၏။
YOU ARE READING
ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)
Romanceအရာရာ မေ့လို့ ရရင်တောင် အချစ်ဦးကိုတော့ မမေ့အောင် ထားမိမှာပါ။