Part 30

758 18 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့အကြင်နာအချစ်ဦး
#အပိုင်း(၃၀)

ခြူးငယ် နိုင်ငံခြားသွားမည့်နေ့နှင့် နောက်ရက်ပိုင်းများတွင် စင်္ကာပူမှ နိုင်ငံခြားသား
ဧည့်သည်များနှင့် စာချုပ်ချုပ်ရန် ကိစ္စရှိနေ၍ မင်းညှို့တော်တော် ခေါင်းခြောက်နေရသည်။မျက်နှာလွှဲစရာ လူခွဲမရှိသည့်အနေအထားတွင်ဧည့်သည်များက
မြန်မာနိုင်ငံမှာ  တစ်ပတ်ခန့်နေထိုင်မည်သိရ၍ ခွဲစိတ်မည့်နေ့သွားရဖို့ပင် မသေချာတော့ပေ။

စီစဉ်ပြီးသား လုပ်ငန်းကိစ္စကို ကိုယ်ရေးကိုယ်တာအတွက် ရွှေ့ဆိုင်းလို့မရသည့် အဆုံးမှာတော့ ညီမလေးကိုပဲ အကျိုးအကြောင်း ဖွင့်ပြောလိုက်ရတော့သည်။

"ကိုကိုက တကယ် မလိုက်ဘူးလား"

မျက်နှာငယ်ငယ်လေးနှင့် အလိုမကျသံ သဲ့သဲ့လေးကြားရရင်  သူ့စိတ်ထဲမကောင်းမိ။
တကယ်ဆို အားလုံးပစ်ပြီး လိုက်ခဲ့ချင်တာ…။
ကိုကိုဘဝမှာ မင်းလောက် ဘာမှအရေးမကြီးဆိုပြီး  အားလုံးကို ပစ်ထားခဲ့လိုက်ချင်တာပါ။
သို့သော် ကံကြမ္မာက ကျဥ်းထဲကြပ်ထဲမှာ လှုပ်မရအောင်ဖန်နေ၏။
သူ့ကိုယ်ပိုင်စီးပွားရေးမဟုတ်သော်လည်း
သူတာဝန်ယူပြီးလုပ်နေရတဲ့ အလုပ်အတွက်
အခွင့်အလမ်းကောင်းများစွာရလာနိုင်သည့် စာချူပ်တစ်ခု ချုပ်ဆိုရန်အတွက်
ဆုံးရှုံးသွားရင် သူတင်မဟုတ် ဝန်ထမ်းများ အားလုံးနစ်နာရမည့်အရေးအတွက်သူ၏ ဖြစ်ချင်တဲ့ဆန္ဒတွေကို ချိုးနှိမ်ထားရသည်။

"ကိုကို ဒီကကိစ္စပြီးတာနဲ့ ညီမလေးဆီ
လိုက်လာခဲ့ပါ့မယ်…ဖေဖေရော မေမေပါ ပါတဲ့အတွက်  ဘာဖြစ်ဖြစ်
ညီမလေးလုပ်နိုင်ရမယ်နော်…
အားကိုမလျော့လိုက်နဲ့…
အရမ်းကြောက်ပြီး အရမ်းပင်ပန်းလာရင်
ကိုကိုရှိတယ်လို့တွေးလိုက်…ကိုကိုက ညီမလေးအတွက် ဆုတောင်းပေးနေမှာ သိလား"

နဖူးပြင်က ဆံပင်လေးတွေကိုသပ်ကာ ချော့မော့ပြောတော့လည်း  ခြူးငယ်က  မျက်လုံးဝိုင်းဝိုင်းလေးနှင့်
ချစ်စဖွယ်ပြန်ကြည့်ကာ ခေါင်းညိတ်ပြသည်။

"ကိုကိုပါရင်တော့ ကောင်းတာပေါ့…
ခြူးလေးကနေကောင်းသွားရင် အဲ့ဒီမှာ ဖေဖေ မေမေတို့နဲ့ လျှောက်လည်မလို့ စဉ်းစားနေတာ"

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora