Part 4

1.1K 27 2
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၄)

"ခြူးငယ်ရေ…သမီး…လာ… လာ…ဒီတစ်လုတ်လေးပဲ စားလိုက်"

နှစ်နှစ်အရွယ် လမ်းတွင်တွင် လျှောက်တတ်နေပြီဖြစ်သော
ခြူးငယ်လေးကို ထမင်းလိုက်ခွံ့နေရင်း ဒေါ်ထွေးကြည်တစ်ယောက်
ခြေကုန်လက်ပမ်းကျလို့လာ၏။
သူက ထမင်းတစ်လုတ်စားလိုက် ကိုယ့်ကို ပတ်ပြေးပြီး ဆော့လိုက်နှင့်
ကြာတော့မူးနောက်လာသည်။
မတ်တပ်လည်းမရပ်နိုင်တော့ဘဲ
ဖင်တရွတ်ဆွဲနောက်ကလိုက်ပြီးထိန်းနေရသည်

"မစားချင်တော့ဘူးလား…တစ်လုတ်လောက်
စားအုန်းလေ သမီးရဲ့"

ခေါင်းပြုတ်ထွက်မတတ် ခါပြီး ငြင်းနေပြီဆို
ထပ်ကျွေးဖို့ မစဉ်းစားတော့လေနှင့်။
ထပ်ခွံ့လျှင် စားထားသမျှ အကုန်အန်ထုတ်ပစ်သည့်ကလေးပင်။

"ဖအေတူတာ တစ်ပုံစံတည်း"

ဒေါ်ထွေးကြည် တိုးတိုးလေးညည်းရင်း ထမင်းပန်းကန်ကို ဗေစင်ပေါ်တင်လိုက်သည်။

ကလေးက ကြာလေ သူ့အဖေနဲ့တူလေပင်။
ပုဇွန်စားရင် ယားဘုလေးတွေ ထတတ်တဲ့အကျင့်တွေ။
ကြက်သားဆို အရေခွံမစားတာတွေ။
အသီးအရွက်တွေ ကြိုက်တတ်တာတွေက သူ့အဖေမှ သူ့ဖအေ။

သေချာကြည့်ရင် နှာခေါင်းနဲ့နှုတ်ခမ်းလေးတွေကလည်း တူတာပင်။ဒါကို ဦးဥက္ကာကျော်က လုံးဝမရိပ်မိ။
အေးလေ ဘယ်ရိပ်မိပါ့မလဲ။
သူက အေမီခိုင်ကို ကြည့်မရတာနဲ့ပဲ ကလေးကို
တစ်ခါလောက်တောင် ပွေ့ချီဖူးသူမဟုတ်။

ဘယ်လောက်သနားစရာကောင်းတဲ့ကလေးလဲ။ဖခင်နဲ့အတူ နေပါရက်ဖခင်မေတ္တာ မရရှာ။
သွေးကစကားပြောသည့် စကားက အလကားပင်။သူတို့သွေးတွေထဲမှာ အတ္တတွေ
လောဘတွေပဲ ရှိသည်။

အေမီခိုင်ဆိုသည့်မိန်းမလည်း ဘာထူးလဲ။
ဒေါသအလျောက် တုံ့ပြန်တတ်သည့် မိန်းမက
ကိုယ့်ယောကျာ်းဇာတ်လမ်းအဟောင်းက
မိန်းမနဲ့ရသည့်ကလေးကို ကောင်းမွန်စွာ မွေးမြူနေတာစေတနာသက်သက်ပဲ ဖြစ်ပါ့မလား။ဥက္ကာကျော်ကို ဒေါသတကြီး ပေါက်ကွဲပစ်ရမဲ့အစား သိုသိုဝှက်ဝှက် လုပ်နေတာ ဘာသဘောလဲ။
သူ့မှာ ဘာအကြံအစည်တွေရှိနေလဲ ဘယ်သူမှ
မသိရပေ။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora