Part 45

860 19 0
                                    

Unicode

#ရင်မှာတစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး
#အပိုင်း(၄၅)

"အရဟံ...ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား...။

ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

လူမင်း နတ်မင်း ဗြဟ္မာမင်းနှင့်တကွ
လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်ရာအထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား..."

နားထဲတိုးညှင်းစွာဝင်လာသော ဘုရားဂုဏ်တော်ကို နှလုံးသွင်းထားမိ၍
မင်းညှို့စိတ်တွေတည်ငြိမ်စပြုလာသည်။
ကြောက်ရွံ့ထိတ်လန့်ခြင်းတွေမရှိတော့။
ဘဝတစ်ခု၏ခရီးလမ်းဆုံးကိုရောက်နေ၍လားမသိ။သူ့ခန္ဓာကိုယ်၏ မည်သည့်နေရာကမှ ထူးထွေနာကျင်နေခြင်းမရှိတော့ပါ။
သို့သော် သူဆုပ်ကိုင်ထားသည့် ကြိုးက ပြတ်တောက်တော့မည်ဆိုတာ သူသိပါသည်။

ကျော့ကဘုရားစာကို လေသံအေးအေးနှင့် ပီသစွာ ရွတ်ပြနေ၏။
ငိုသံကိုထိန်းပြီး ရွတ်နေသော်လည်း သူမနာကျင်ခံစားနေရမှန်းသိပါသည်။
နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်ရီနေပြီး ပါးပြင်မှာလည်းမျက်ရည်ဖြိုင်ဖြိုင်ကျနေသည်ကို တွေ့နေရ၍ စိတ်မကောင်းဖြစ်မိသည်။

မငိုပါနဲ့ သူငယ်ချင်းရယ်...ဆရာဝန်ဆိုတာ
လူနာသက်သာအောင် ကြိုးစားကုပေးရမှာ မဟုတ်လား...အခု င့ါဝေဒနာတွေ
သက်သာတော့မှာမို့နင်ပျော်ပျော်နေပါဟာ...

ငါရရှိခဲ့တဲ့ ရှားရှားပါးပါး ကံကောင်းခြင်းတွေထဲမှာ နင်လည်းတစ်ခုပါတာပေါ့ ကျော့...။
နင်ဟာ ငါ့ကို အမြဲကံကောင်းစေတဲ့သူပါ။
ငါ့အတွက် အမြဲရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ကျော့ရယ်...။
နင်လိုချင်တဲ့ လက်ဆောင်မပေးနိုင်ခဲ့သလို
နင်တောင်းထားတဲ့ကတိလည်း မတည်နိုင်တော့တာ ခွင့်လွတ်ပါကွာ...။

ပြီးတော့ ဦးလေး...။
မိဘအရင်းတောင်မပေးနိုင်တဲ့ မေတ္တာမျိုးကို ဦးလေးဆီက ရခဲ့ပြီး နွေးထွေးခဲ့ရတယ်...။
ဦးလေးကြောင့်ပဲဘဝကိုမပူမပင်မကြောင့်ကြဘဲ ဖြတ်သန်းနိုင်ခဲ့တာပါ...
သားကိုမိသားစုလေး ဖန်တီးပေးတာ ကျေးဇူးပါ ဦးလေး...လက်အုပ်ချီရလောက်အောင် အားမရှိတော့လို့မျက်လုံးနဲ့ကန်တော့ခဲ့ပါတယ်...
အန်တီကိုလည်း သားကန်တော့ခဲ့ပါတယ်လို့ ပြောပေးပါတယ်နော်...။

ရင်မှာ တစ်ပွင့်ဖူးတဲ့ အကြင်နာအချစ်ဦး (Completed)Donde viven las historias. Descúbrelo ahora