1 U/Z

5.2K 78 4
                                    

Uni

💗ခါးသက်သောအမုန်း💗

💗အမုန်း ၁💗

သူမ အမည်က နှင်းဆီဝိုင်။ ထက်မြတ်စူးရှသည့် မျက်ဝန်းအကြည့်တွေနှင့် ထက်မြတ်မှု နှင့် ရဲရင့်မှုကို ပိုင်ဆိုင်ထားသော  ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦး။  သူမသည် အသက်အရွယ်ဖြင့် မလိုက်အောင်ပင် တည်ငြိမ်ရင့်ကျက်သည့် အမျိုးသမီးပင်။

"မင်္ဂလာပါ မမ"

"မင်္ဂလာပါ"

ကုမ္ပဏီကို ရောက်သည့်နှင့် သူမကို ဝိုင်းဝန်းနှုတ်ဆက်ကြလေသော ဝန်ထမ်းများစွာကို အပြုံးလေးဖြင့် ပြန်လည်နှုတ်ဆက်နေလေသည်။ မိန်းမသားတစ်ယောက်ထဲ အလှကုန်ဖြန့်ဖြူးရေး  ကုမ္ပဏီ တစ်ခုကို  ဦးဆောင်နေရသည့်မှာ လွယ်တော့ မလွယ်ကူလှပေ။

"မမကို တွေ့ဖို့ ကျွန်မတို့နဲ့ လက်တွဲနေတဲ့ " Moe Sun flower " ကုမ္ပဏီက မန်းနေဂျင်း ဒါရိုင်တာ ရောက်နေပါတယ်"

"ဟုတ်လား"

"Moe   Sun flower "ကုမ္ပဏီက မန်းနေဂျင်း ဒါရိုင်တာ။ သူမ ကုမ္ပဏီ မပြိုလဲဖို့ ဆွေးနွေးရဖို့ ဖြစ်လာသည့် အဓိကလူပေါ့။

သူမ မျက်ဝန်းမှာ မျှော်လင့်ချက် အရောင်လေးတွေ တောက်လာကာ သွက်လက်သော ခြေလှမ်းများဖြင့် ရုံးခန်းသို့ ဝင်ခဲ့လေသည်။

"မင်္ဂလာပါ ဒါရိုင်တာကြီး ၊ စောင့်နေရတာ ကြာသွားလား"

သူမ နှုတ်ဆက်စကား အဆုံးတွင် ပြတင်းပေါက်ကို မျက်နှာမူကာ ရပ်နေသည့် သူက သူမ ဘက်လှည့်လာလေသည်။

"ပြန်တွေ့ပြန်ပြီနော် နှင်းဆီဝိုင်"

"ဟင်"

ဝိုင် အံ့သြမှုနှင့်အတူ ထိုလူကို ငေးမောကြည့်မိလေသည်။ သူကတော့ အခြားသူ မဟုတ်။ ၆ နှစ်လုံးလုံး သူမကို ကျောခိုင်းသွားသော  ခင်ပွန်းဟောင်း ဦးညီလင်းကိုကို ပင်။

"ကိုကို"

သူမ နှုတ်ဖျားက ယောင်ပြီး မြည်းတမ်းလိုက်မိသည့် အမည်နာမလေးတစ်ခု။  ယောင်ခေါ်မိသော ပါးစပ်ကို လက်ဖြင့် အသာအယာပြန်ပိတ်လိုက်ပြီး

"ရှင် ဘယ်တုန်းက ပြန်ရောက်လာတာလဲ ဦးညီလင်းကိုကို"

ညီ သူမကို စူးစူးရှရှ ကြည့်ပြီး

ခါးသက်သောအမုန်းWhere stories live. Discover now