18 U/Z

596 16 0
                                    

Uni

💗ခါးသက်သော အမုန်း💗

💗အပိုင်း ၁၈💗

ဝိုင် မျက်ဝန်းတွေ ပွင့်လာလေတော့ မြင်လိုက်ရတာက အဖြူရောင် မျက်နှာကျက်။ နှာခေါင်းထဲ တိုးဝင်လာသည့်က ဆေးနံတွေ။

ဟင်~~~။ သူမ ဆေးရုံရောက်နေတာလား ဟု တွေးမိပြီး ဘေးဝဲယာကြည့်မိလေမှ ပိုဆိုးသွားသည်။

"ဦးညီလင်းကိုကို"

တိုးလျှသော သူမ အသံကြောင့် သူမှေးနေရာမှ မျက်ဝန်းတွေ ပွင့်လာပြီး နွမ်းဖျော့နေသော သူမ မျက်နှာလေးကို အပြုံးလေးဖြင့် ကြည့်ပြီး

"မင်း သက်သာပြီလား၊ ဘယ်လိုနေလဲ၊ ခေါင်းမူးနေသေးလား"

မေးခွန်းတွေ တရစပ်မေးနေသော သူ့ကို ခပ်စိမ်းစိမ်းကြည့်ပြီး

"ရှင့် မေးခွန်းတွေက များတယ်၊ ကျွန်မ ဘယ်လိုဖြေရမှာလဲ၊ သေချာတာတော့ ကျွန်မ သိချင်တာပဲ ရှင်ဖြေရမယ်ထင်တယ်"

"မေးပါ ကိုယ့်ဖြေပါမယ်"

ခပ်စိမ်းစိမ်း သူ့ကို ကြည့်ရင်း မေးနေသော ကောင်မလေးကို ဆွေးဆွေးမြေ့မြေ့လေးကြည့်ရင်း ပြောလိုက်မိတော့ သူမက မျက်နှာကို တစ်ဖက်သို့ လွှဲသွားပြီး

"ကျွန်မ ဒီကို ဘယ်လိုရောက်နေတာလဲ၊ ပြီးတော့ ရှင်က"

"မင်း ဆေးရုံရောက်နေတာပါ ဝိုင်၊ မင်း အဖျားတွေ အရမ်းကြီးနေလို့ ကိုယ့် မင်းကို ဆေးရုံခေါ်လာတာပါ"

"ပန်းမြိုင်ကရော"

ဘေးဝဲယာကို ကြည့်ပြီး သူမ မေးမိတော့ သူ့ သက်မနွေးနွေးကို ရှိုက်ပြီး

"ပန်းမြိုင်နဲ့ အောင်စည်ကို ကိုယ့်ပြန်လွှတ်လိုက်တယ်၊ ဒီမနက်ဒီကို လာလိမ့်မယ်"

"အော်၊ ကျေးဇူးပါပဲ ရှင်သွားလို့ ရပြီ"

"ဟင်"

ခေါင်းလေး တစ်ဖက်စောင်းကာ မျက်နှာလေးလွှဲသွားပုံက သူ့ကို မလိုအပ်ဘူး ဆိုသည့် သဘော။ ညီ သက်မနွေးနွေးကို ရှိုက်ပြီး သူမ လက်ကလေးကို ဆုတ်ကိုင်မည် ပြုတော့ သူမ လက်ကလေးကို ရုန်း၍ ထွက်သွားလေသည်။ ပြီးနောက် စိမ်းကားသည့် အကြည့်စူးစူးတွေနှင့် အတူ ပြောလာသော စကားက အဝေးက ခရီးနှင်လာသော လူကို အရှိန်ပြင်းပြင်းနှင့် ရင်ဝကို ဆောင့်ကန်လိုက်သလို ဖြစ်သွားလေသည်။

ခါးသက်သောအမုန်းWhere stories live. Discover now