Uni
💗ခါးသက်သော အမုန်း💗
💗အပိုင်း ၁၅💗
နှင်းခါးဝိုင် နှင့် ပတ်သတ်ပြီး သူ့ရင်ထဲက အခြေအနေအမှန်တွေကို ဖယ်ရှားပေးခဲ့သူက ချစ်ယွန်း။ မြတ်နိုးတန်ဖိုးထား၍ ချစ်မြတ်နိုး မဝခဲ့ရသည့် မိန်းကလေး။ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ မြတ်မြတ်နိုးနိုးချစ်ခဲ့ရသည့် မိန်းမတစ်ယောက်ရဲ့ သစ္စာမဲ့မှုကြောင့် အလဲလဲ အပြိုပြို နာကျင်ခံစားခဲ့ရဖူးသည်။
ထိုအချိန်မှာ သူ့ဘာလုပ်သင့်ခဲ့သလဲ။ ချစ်ယွန်း ဘဝကိုပဲ လုံခြုံမှုပေးရလေမလား။ ဒါမှ မဟုတ် ဝိုင် နှင့် သမီးလေးရဲ့ ဘဝကိုပဲ နွေးထွေးမှုပေးရလေမလား။ အတွေးတွေ ရှုပ်ထွေးခဲ့သည့်မှာ တစ်ပတ်ကြာခဲ့လေသည်။ သွေးပူနေစဥ် ချစ်ယွန်းအား နစ်နစ်နာနာ ပြောရက်ခဲ့သော်လည်း သွေးအေးသွားချိန်တွင်တော့ မပြောရက်ခဲ့ပြန်ပေ။
သွေးအေးသွားသည့် အချိန်အခါတွင် ချစ်ယွန်းဆီသွားပြီး ဖေးမခဲ့သည်။ ချစ်ယွန်းကို တက်နိုင်သလောက် ကူညီဖေးမ ခဲ့ဖူးသည်။
ပြီးနောက် ဝိုင် နှင့် သမီးရှိရာ သွားခဲ့သော်လည်း သူမလေးက သူ့ကို ခြေရာဖျောက်သွားခဲ့လေပြီ။
ထိုသို့ ခြေရာဖျောက်မှုက အခုဆို ၃နှစ်ရှိခဲ့ပြီ ဖြစ်သည်။
"လူလေး"
အတွေးတွေနှင့် ရှုပ်ထွေးနေသော သူ့အနားသို့ ဦးဘမှန် ရောက်လာလေသည်။ ဘာဖြစ်တာလဲ ဟူသော အကြည့်ဖြင့် ကြည့်လေတော့
"ချစ်ယွန်း ဖုန်းဆက်တယ်"
"ဒီအချိန်ကြီး ဘာဖြစ်တာလဲ"
မျက်ခုံးကို တွန့်ကြုတ်ပြီး မေးလေတော့ ဦးဘမှန်က ဆက်၍
"ချစ်ယွန်း သားလေး အဖျားတွေ အရမ်းကြီးနေတယ်တဲ့"
"ဟာ ကျစ်"
ညီ ကားသော့ကို ဆွဲယူကာ လျှင်မြန်သော ခြေလှမ်းများဖြင့် ချစ်ယွန်း ရှိရာသို့ ထွက်ခဲ့လေသည်။ သူမတစ်ယောက်တည်း ဘယ်လောက်အထိ သားတစ်ယောက်နှင့် ဘယ်လောက်များ သောကတွေ များနေလိုက်မလဲနော်။
💗💗💗

YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"