3 U/Z

4K 60 1
                                        

Uni

💗ခါးသက်သောအမုန်း💗

💗အပိုင်း  ၃💗

"ကလေးမ ဒါက ကလေးမတို့ သားမိနေရမဲ့ အခန်းပါ"

ဦးဘမှန် လိုက်ပြသော အခန်းက စတိုခန်းနှင့် ကပ်လျှက် ဘေးခန်း ဖြစ်သည်။  အခန်းထဲ ဝေ့ဝဲကြည့်တော့ ဖုန်မှုန့်တွေ အလီလီတက်နေသည့် အခန်းငယ်လေး။ ဝိုင်လို ရွှေပေါ်မြတင် သူဌေးသမီးအတွက် ထိုကဲ့သို့ အခန်းမျိုးက ငရဲခန်းပင်။

အခန်းက ကုတင်မရှိ။ ခုံမရှိ။ ဖျာကြမ်းလေး တစ်ထည်နှင့် သစ်သားခုံပေါ်တင်ထားသော စောင်နှင့် ခေါင်းအုံးကလွှဲလေလျှင် ဘာတစ်ခုမှ မရှိပေ။

ဝိုင်သက်မနွေးနွေးကို ရှိုက်ပြီး

"ကုတင်တစ်လုံးလောက် ကျွန်မကို စီစဥ်ပေးလို့ ရမလား ဦးကြီး"

သူမ စကားကြောင့် ဦးဘမှန် မျက်နှာပျက်သွားရပြီး

"စိတ််မရှိပါနဲ့ ကလေးမ၊ သူဌေးက ကလေးမကို ဒီအခန်းတစ်ခန်းကလွှဲရင် ဘာအသုံးပြုခွင့် မပေးထားပါဘူး"

"ဟင်"

ဝိုင် ကြမ်းပြင်ပေါ် ငြိမ်ငြိမ်လေး  ထိုင်နေသည့် သမီးလေးဆီ အကြည့်ရောက်သွားလေတော့ ဝိုင် နှလုံးသားတွေ တဆက်ဆက်တုန်ရင်နေရလေသည်။

သူမက အဆင်ပြေပေမယ့် နုနယ်လွန်းသည့် သမီးလေးက အဆင်မှ ပြေပါလေစ။ မတက်နိုင်ပေ။ ကိုယ့်ဘဝ ကံကြမ္မာက သူ့ နင်းခြေလိုက်၍ တစစီ ပြန့်ကြဲနေခဲ့ရပြီ မဟုတ်လား။ ကံပေါ့ ။ သူမ ကံကြမ္မာကိုပင် အားကို ယုံကြည်ရပေတော့မည်။

သမီးကို ဒုက္ခရောက်စေခဲ့တဲ့ မေမေ့ကို ခွင့်လွှတ်ပါ သမီးရယ်။

မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်တော့  မျက်ရည်ပူတို့က အတားအဆီးမဲ့စွာ ကျဆင်းလာရလေသည်။
                         💗💗💗

"မောင်"

စျေးက ပြန်လာစဥ် ကြားလိုက်ရသော မိန်းမတစ်ယောက် အသံကြောင့် ဝိုင် မျက်ဝန်းအကြည့်တွေ ဧည့်ခန်းထဲ ရောက်သွားရလေသည်။

ဟင် အစ်မချစ်ယွန်း။

"မောင်တို့ လက်ထပ်ပြီးရင်  ဒီအိမ်မှာပဲ အိုမင်းတဲ့ အထိ နေကြမယ်နော်၊ မောင် အခု ၆ နှစ်အတွင်း ကြိုးစားခဲ့ရတာတွေ အားလုံးက ချစ်ယွန်းအတွက်ပါ"

ခါးသက်သောအမုန်းWhere stories live. Discover now