7 U/Z

1.2K 20 1
                                    

Uni
💗ခါးသက်သောအမုန်း💗

💗အပိုင်း ၇💗

ဝိုင် မျှော်နေမိပါသည်။ ထိုတစ်ညလုံး။ သူပြန်မရောက်လာခဲ့ပေ။ ဘယ်သွားမည်ကို သိနေသဖြင့် ဝိုင် နှလုံးသားအစုံက နာကျင်ခြင်းကို သူ့ သိနိုင်မည် မဟုတ်ပေ။  နာကျင်မည့်ကို သိလျှက် ရှေ့တိုးမိသည့် သူမကသာ အပြစ်ရှိသူဆိုလျှင် ချစ်မိသူ အပြစ်မဟုတ်ပါ။

အိမ်ရှေ့ ဆိုင်ကယ်ရပ်ပြီး အိမ်ထဲဝင်လာသော ညီ ကို ဝိုင်တွေ့လိုက်တော့ လှေကားမှ ပြေးဆင်းလာပြီး

"ကိုကို ညက ဘယ်သွားနေတာလဲ၊ ဝိုင် မျှော်နေတာ"

"ကိုကို"

"ကိုကို"

စကားတစ်ခွန်းမျှ မပြောလေဘဲ အပေါ်ထပ်အိပ်ခန်းဆီ တက်ရန်ပြင်နေသော ညီအား ဝိုင် ထပ်ခါထပ်ခါ ခေါ်နေမိလေသည်။

ကျစ်။ ဒီမိန်းမ။  စကားမပြောချင်၍ ကွေ့ရှောင်ပါသည့်ဆို ရှောင်၍ မရလေအောင် အနောက်မှ လိုက်ပြီး ကိုကို ကိုကို နှင့် တကျော်ကျော် လုပ်နေပြန်ပြီ။

​တော်သေးသည်။ သူတို့နေသည့်မှာ ခြံအနောက်ဘက်က တစ်ထပ်တိုက်လေမှာ ဖြစ်နေ၍။ အိိမ်ထဲမှာ ဆိုလေလျှင် ဘိုးတော်နှင့် ပြသနာက ရှင်း၍ ပြီးမည် မဟုတ်။

"မင်း ဘာလိုက်ဖြစ်နေတာလဲ နှင်းဆီဝိုင်၊ မင်း ငါ့နဲ့ ဝေးဝေးနေပေးလို့ ရမလား ၊ please ငါနဲ့ ဝေးဝေးနေပေးပါ နှင်းဆီဝိုင်"

ဝိုင် အပြုံးလေး မပျက် သူ့ အနားကို တိုးကပ်လာပြီး

"ကိုကိုကလဲကွာ ဝိုင်က ကိုကို့ ကို ချစ်လို့ စိတ်ပူလို့ စိုးရိမ်လို့ မေးတာလေကွာ၊ စျေးကိုင်နေသေးတယ် ဟွန်း"

မျက်စောင်း ဝံ့ဝံ့လေးက သူထံ ကျရောက်လာတော့ သူ စိတ်ရှုပ်စွာ နှာခေါင်းကို ရှုံ့လိုက်ပြီး

"ဘာမှ စိုးရိမ်မနေနဲ့၊ ငါဆိုတဲ့ ကောင်က မင်း စိုးရိမ်ရမဲ့ကောင်မဟုတ်ဘူး၊ ကိုယ့ဖာသာ အေးဆေးနေစမ်းပါ၊ မာယာတွေနဲ့ ဖြားယောင်းဖို့ မစဥ်းစားနဲ့ ငါ့ဆိုတဲ့ကောင်က မင်းကို ရင်မခုန်ဘူး၊ အေး မင်းသိချင်ရင် ပြောမယ်၊ ညက ငါ့ ချစ်သူအိမ်သွားအိပ်တာ၊ မင်း ဘာသိချင်သေးလဲ"

ခါးသက်သောအမုန်းWhere stories live. Discover now