Uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၁၇💗
ဝိုင် ဆီက ပြန်လာပြီးကတည်းက သူစိတ်တွေ အတော်အဆင်မပြေဖြစ်နေရလေသည်။ ဝိုင် ဘာတွေ ပြောနေသည့်ကိုလည်း သူ့ နားမလည်။ သူ့ ဇနီးတဲ့ ။ ဝိုင် ရည်ညွှန်းပြောနေသည့်က မည်သူ့ကိုလဲ ဆိုတာ သူရိပ်မိသည့်အတွက် သက်ပြင်းငွေ့ငွေ့ကိုသာ ရှိုက်မိလေသည်။
"ဟူး~~~ခက်တယ်ဝိုင်ရယ်၊ မင်းထင်သလို ကိုယ့် ချစ်ယွန်းနဲ့ လက်မထပ်ဖြစ်ခဲ့တာ မင်းကို ပြောပြချင်ပါသေးတယ်"
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အိပ်ယာပေါ် လှဲချလိုက်မိသော်လည်း သူ့၏ စိတ်ခန္ဓာတို့သည် အတူတွဲလျှက် ရှိမနေနိုင်သေးပေ။
အမုန်းတွေနှင့် တစ်ချိန်လုံး သူမ အချစ်ကို မြင်အောင်မကြည့်နိုင်ခဲ့သည့် သူသည့် သူမ၏ ပါးလျှသော စကားသံတစ်ချိုးကိုတောင် ဒီလောက်ခံစားနေရလေလျှင် သူမလေးဆို အဘယ်မျှ ခံစားရမည်နည်း။ တွေးကြည့်တာနှင့် သူ သိနေပါသည်။
"လူလေး"
ဦးဘမှန် အသံကြားလိုက်ရသဖြင့် သူ့ အခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။ ဦးဘမှန် ဆိုတာ သူရဲ့ လူယုံလို ဖြစ်နေသဖြင့် အရာရာ စိတ်ချယုံကြည်နေရသူ ဖြစ်သည်။ ဦးဘမှန် နှင့် အမှတ်မထင် တွေ့ခဲ့ရသည့်က ပုဂံမှာ ဖြစ်သည်။ ဦးဘမှန်၏ သားက ပုဂံမှာ သူ့၏ အသက်ကို ကယ်ရင်း သေဆုံးခဲ့သည်။ တစ်ဦးတည်းသော ဦးဘမှန်ကိုသာ သူ့နှင့်နေရန် သူ့ခေါ်ခဲ့ခြင်း ဖြစ်သည်။ မိဘ မရှိတော့သည့် သူ့သည် ဦးဘမှန်ကို မိဘအရင်းလို သဘောထားကာ သူ့ စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။
ချစ်ယွန်းနှင့် ကိစ္စကိုလည်း ဦးဘမှန် တားနေသည့် ကြားက သူ့ ရှေ့ဆက်တိုးသည်။ နောင်တစ်ချိန်မှာ နာကျင်စရာတွေ ရှိလာမည့်ဆိုသည့်ကို မသိဘဲ ချစ်တယ်ဆိုသည့် စိတ်နှင့် ရှေ့ဆက်တိုးခဲ့သည့်က သူ့ အမှားဖြစ်သည်။
အခုချိန်မှာ ဝိုင်နှင့် အဆင်ပြေရေးက ဘယ်လိုဘယ်နည်း ညှိယူရလေမလဲ သူမသိပေ။
"လူလေး ခရီးထွက်ဖို့ ရှိတယ်၊ မူဆယ်ကို လူလေးသွားရမယ်၊ နယ်စပ်ဆိုတော့ ကျားနတ်ဆိုးတို့ အဖွဲ့နဲ့ လူလေး ပြန်တွေ့မှာကို စိုးရိမ်နေမိတယ်"
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"