Uni
💗ခါးသက်သောအမုန်း💗
💗အပိုင်း ၉💗
ရက်မှ လစားပြီး ဝိုင် နှင့် ညီရဲ့ အိမ်ထောင်သက်လေး ၃လပင်ရှိခဲ့လေပြီ။
ဝိုင် နှင့် ညီကြားက ဆက်ဆံရေးကတော့ ပြောင်းလဲသွားခြင်း အလျှင်မရှိလေဘဲ ပို၍ပင် အေးခဲသွားလေသည်။တစ်အိမ်ထဲ အတူနေသည့် သူတွေ ဖြစ်သည့် အလျှောက် တစ်နေ့နေ၍ တစ်ခါပင် မတွေ့နိုင်အောင် ရှောင်နေကြလေသည်။
ဝိုင် စိတ်တွေရှုပ်ထွေးနေသည်။ ထိုကြောင့် ဒယ်ဒီနေသည့် သူမ အိမ်ကြီးဆီ လျှောက်လာခဲ့လေသည်။ မနက်တိုင်း ဒယ်ဒီနှင့်အတူ စံအိမ်မှာ ကော်ဖီလာသောက်ပြီးလေမှ အတန်းသွားတက်လေ့ရှိသည် ဝိုင်။ ဒီနေ့တော့ အတန်းလည်း သွားချင်စိတ်မရှိသဖြင့် ဒယ်ဒီရှိရာ အိမ်ကြီးဆီ လျှောက်လာခဲ့ခြင်းပါ။ ဒယ်ဒီနှင့် စကားတွေ အများကြီးပြောခဲ့ပြီး ဒယ်ဒီခရီးထွက်ဖို့ကိုပင် အဝတ်တွေကူထည့်ပေးမိလေသည်။ နောက်ဆုံး ဒယ်ဒီနှင့် ဦးရဲကျော် ကားလေး ခြံထဲကထွက်သွားလေမှ ဝိုင် ဧည့်ခန်းဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိလေသည်။
ဝိုင် ဘာလုပ်ရမလဲ။ ဝိုင် ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေသည့် သူ့ရဲ့ သန္ဓေသားလေး။ သူ့ကို ဖွင့်ပြောရမလား။ ဒီလိုဆို ဝိုင်တစ်ယောက်ထဲ သူ့အမုန်းခံစားရမည့် မဟုတ်။ ဝိုင်၏ ရင်သွေးလေးပါ သူ့ အမုန်းကို ခံစားရတော့မည်။ ဝိုင် ထံရောက်လာပြီး ချစ်ယွန်းပြောခဲ့သည့် စကားသံ သဲ့သဲ့ကို ပြန်ကြားယောင်လေတော့ အလိုက်မသိသည့် မျက်ရည်တွေက ဝိုင် ပါးပြင်ပေါ် စီးကျလာရလေသည်။
"ဒီမှာ နှင်းဆီဝိုင်၊ မင်းကိုတို့မေးချင်တာက မင်းကို မချစ်တဲ့ သူကို ဘာလို့ တွယ်ကပ်နေတာလဲ ငါမေးချင်တယ်"
မြန်မာဆန်ဆန်ဝတ်စားထားသည့် ချစ်ယွန်းနှုတ်ဖျားက စကားလုံးတွေက ဝိုင်ကို ထိုးနှက်ရန် ရည်ရွယ်ထားသည့် ဆိုသည့်က သိသာလွန်းနေလေသည်။ ဝိုင် တည်ငြိမ်စွာ ပြန်ပြောမိသည့်က
"သူ မချစ်ပေမယ့် ဝိုင် ချစ်နေရရင် ကျေနပ်ပြီ မချစ်ယွန်း"
"အဟက်"
![](https://img.wattpad.com/cover/351735584-288-k637060.jpg)
YOU ARE READING
ခါးသက်သောအမုန်း
Romanceဘဝမှာ အမုန်းဆုံး မိန်းမကို ပြောပါ ပြပါဆို နှင်းဆီဝိုင် ဆိုတဲ့ သူမက ထိပ်ဆုံးက ပါဝင်နေတယ် "ညီလင်းကိုကို"