13 U/Z

1.6K 32 1
                                    

Uni

💗ခါးသက်သော အမုန်း💗

💗အပိုင်း ၁၃💗

ဒီကနေ့ဆို ဝိုင် ကျွန်တော်ကို ထားခဲ့သည့်မှာ ၃နှစ်ပြည့်ခဲ့လေပြီ။ ဝိုင်ကို ကျွန်တော် အပြစ်မတင်ရက်တော့ပါဘူး။ အရာရာအားလုံးက ကျွန်တော် အမှားတွေကြောင့်သာ ဖြစ်သည်။ သမီး သမီးလေးရော။ သူမ သူမရော အဆင်ပြေနေရဲ့လား။ တွေးမိလေတိုင်း နောင်တဆိုသည့် နောင်တ တရားက ကျွန်တော်ရင်ကို အတော်ပူလောင်စေလေသည်။

"လူလေး"

"သြော် ဦးဘမှန်"

ဦးဘမှန် သူ ရပ်နေသည့် အနားမှာ ကပ်ရပ်လိုက်ပြီး

"လူလေးဘဝကို ဘဝအသစ်နဲ့ ပြန်စသင့်ပြီနော်"

"အဟွန့်"

သူ့ နှုတ်ခမ်းတစ်စုံကို မပီမပြင်မဲ့လိုက်ပြီး

"ဘယ်လိုပုံစံနဲ့ ကျွန်တော်ဘဝအသစ်ပြန်စရမှာလဲ၊ ကျွန်တော်က ဝိုင် အပေါ်မှာ အမှားတွေ အများကြီး ကျူးလွန်ဖူးတော့"

စကားသံအဆုံးတွင် သူ့ အသံတိမ်ဝင်သွားလေသည်။  သူအတွေးတွေကို နောက်ဆုံးတွေ့ခဲ့သည့် နေ့က သူ့ဘဝနောင်တတွေဖြင့် ရပ်တည်ဖို့ ဖြစ်လာသည့် နေစွဲဆိုလျှင် မမှားနိုင်ခဲ့ပေ။

အတိတ်တွေဆီ အတွေးတစ်ချို့ပြန်ရောက်လာလေတော့

"ရှင် ဘာပြောလိုက်တယ်"

သူ့ နှုတ်မှ ပြောလာသော စကားလုံးအချို့ကို ဝိုင် အံ့သြရလွန်း၍  ရင်ထဲဆို့တက်လာခဲ့လေသည်။ ညီကတော့ သူ့ ၏ ထုံးစံအတိုင်း ဘာတစ်ခုမှ ဂရုမစိုက်သည့် နှယ်

"ဝိုင်လဲ့ညီကို ငါ့ လိုချင်တယ်၊ အဲ့အတွက် မင်း အတွက် နစ်နာကြေး ငါပေးမှာပါ၊ ငါ့ သွေးသားကို လောကကြီးထဲ ရောက်အောင်ခေါ်လာပေးလို့"

သူ့ စကားတွေက ဝိုင် နှလုံးသားကို ရှင်လျှက်နှင့် သေစေနိုင်သလို ဝိုင် ဘဝကို ဖျက်စီးနိုင်သည့် ဓားသွားတစ်လတ်ပင် ဖြစ်နေလေသည်။ ဝိုင် ရဲ့ အသည်းအသက်။ ဝိုင် ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် သမီးငယ်လေးကိုမှ သူက သူက အို ကိုယ့်ချစ်ခဲ့သူကသာ ကိုယ့်ကို အသေသတ်နေတာပါလား။

ခါးသက်သောအမုန်းWhere stories live. Discover now